BEC-TERO TV

Covid-19 နဲ့ချိပ်ဆက်နိုင်သည့် လက္ခဏာဆန်း ကလေးများတွင် ဖြစ်ပေါ်မှုမြင့်တက်လာ

08 May 2020     1,659 Views


ကလေးများမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 နဲ့ ချိပ်ဆက်နိုင်ရန် အလားအလာရှိနေသည့် ထူးဆန်းတဲ့ရောဂါလက္ခဏာများ ပြသနေမှု ဝါရှင်တန်ဒီစီအပါအဝင် အမေရိကန်နိုင်ငံရဲ့ ပြည်နယ်ခုနှစ်ခုက ကလေးတွေမှာ ဖြစ်နေပြီး အနည်းဆုံး ကလေး ၈၅ ဦးရှိနေပြီဖြစ်သည်။

ကလေးတွေရဲ့ မျက်မှာအပါအဝင် ခန္ဓာကိုယ်အနှံ့အပြားမှာ ရောင်ရမ်းတဲ့ပုံသဏ္ဍန် အရေပြားမှာ အနီရောင်များ ဖြစ်လာပြီး ဖျားနာခြင်းရောဂါလက္ခဏာကို “pediatric multisystem inflammatory syndrome” အဖြစ် ယခုတစ်ပတ်မှာပင် တရားဝင်အမည်နာမ သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။

အမေရိကန်နိုင်ငံအဝှမ်းရှိ ကလေးငယ် ၈၅ ဦးမှာ အဆိုပါရောဂါလက္ခဏာများ ခံစားနေကြရပြီး ၆၄ ဦးမှာ နယူးယော့ခ် ပြည်နယ်မှာ နေထိုင်ကြသူများဖြစ်သည်။ နယူးယော့ခ်ဟာ Covid-19 ရောဂါ ခံစားပြန့်နှံ့မှု အမြင့်ဆုံးနယ်မြေတစ်ခုလည်းဖြစ်သည်။

ကလေးလူနာများထဲမှ ၃ ဦးမှာ ဘော်စတွန် ကလေးဆေးရုံမှဖြစ်ပြီး အခြား ၅ ယောက်ကနေ ၁၀ ယောက်လောက်အထိက ဖီလာဒဲဖီးယား ကလေးဆေးရုံ၊ ၃ ဦးမှာ လော့စ်အိန်ဂျလိစ်ကလေးဆေးရုံ၊ ၃ ဦးမှာ ဒယ်လာဝဲ ကလေးဆေးရုံ၊ ၃ ဦးမှာ လူဝီစီယားနား ဆေးရုံနှင့် တစ်ဦးမှာ စီယာတဲလ်ကလေး ဆေးရုံတို့မှ ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်ဒီစီဆေးရုံမှ ကလေးလူနာများတွင် ၁၅ ဦးမှာ ယောင်ရမ်းဖျားနာမှု အခြေနေပြင်းထန်သဖြင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရပြီး Covid-19 ကို တုံ့ပြန်နေကြောင်း သိရသည်။ ဒါပေမယ့် ကလေးများအားလုံးက “pediatric multisystem inflammatory syndrome” ခံစားနေရလားဆိုတာကိုတော့ ရှင်းလင်းစွာ မသိရပါ။

“ကလေးတွေအားလုံး ယောင်ရမ်းမှုပုံစံမျိုးစုံကို ခံစားနေကြရပါတယ်” ဟု အမျိုးသားကလေးဆေးရုံမှ အထူးကြပ်မတ်ကုသရေးဌါနမှ အကြီးအကဲဖြစ်သူ ဒေါက်တာ မိုက်ကယ်လ်ဘဲလ် က ပြောကြားခဲ့ပါတယ်။

ထပ်မံတွေ့ရှိရသော ရောဂါလက္ခဏာသစ်ဟာ Covid-19 ကူးစက်ခံရပြီးနောက် ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ထဲက ဆက်တိုက်တုံ့ပြန်မှုကြောင့် ဖြစ်လာပုံရကြောင်း သိရသည်။ သို့သော်ငြားလည်း အချို့သော လူနာများကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကြည့်ရာမှာ negative အဖြေထွက်ခဲ့သဖြင့် Covid-19 ၏ ရောဂါလက္ခဏာတစ်ရပ်အဖြစ် အတည်ပြုရန် စောနေသေးခြင်းဖြစ်သည်။

အခုလိုရောဂါလက္ခဏာမျိုးခံစားနေရသော ကလေးများမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း၊ ပြင်းပြင်းထန်ထန် ဝမ်းလျှောခြင်း၊ အရေပြားပေါ်တွင် အနီကွက်ထခြင်းနဲ့ မကြာခဏ မျက်လုံးများ နီရဲခြင်း တို့ကို ခံစားရပါတယ်။ ဒါပေမယ့် ဒီရောဂါလက္ခဏာတွေထက် ကလေးရဲ့ နှလုံးလုပ်ငန်းစဉ်တွေမှာ အဓိကပြသနာဖြစ်နိုင်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် အဆိုပါရောဂါလက္ခဏာရပ်များကြောင့် သေဆုံးသွားသည့် ကလေးငယ်များ မရှိသေးကြောင်း သိရှိထားရသော်လည်း ယူကေမှာတော့ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက် သေဆုံးခဲ့ရကြောင်းသိရသည်။


08 May 2020     1,659 Views




RELATED

Most Popular of International News

Most Popular of NEWS