BEC-TERO TV

အီကွေဒေါလ်နိုင်ငံ လမ်းမတွေပေါ်မှာ လူအလောင်းတွေ မြင်မကောင်း

08 May 2020     2,296 Views


အီကွေဒေါလ်နိုင်ငံ ဂွိုင်ရာကီးလ်မြို့မှာ လူသေဆုံးမှုတွေ မြင့်တက်လာတာနဲ့အတူ လူသေအလောင်းတွေကို မြို့အနှံ့လမ်းဘေးတွေမှာ တွေ့မြင်နေရပါတယ်။

အသုဘအခမ်းအနား စီစဉ်ဆောင်ရွက်ပေးတဲ့နေရာတွေနဲ့ အစိုးရပိုင် သုသာန်တွေမှာ လက်ခံလို့ မနိုင်လောက်အောင် များပြားလွန်နေတဲ့အတွက် နေအိမ်မှာတင် သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို မိသားစုဝင်များက လမ်းမတွေပေါ်မှာ ထုတ်ထားကြရပါတယ်။

အစိုးရက အခုလိုမြင်မကောင်း ရှုမကောင်း ဖြစ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပြီး စက္ကူနဲ့ပြုလုပ်ထားတဲ့ ခေါင်းတလားတွေကို တနင်္ဂနွေနေ့မှာ လိုက်လံဖြန့်ဝေသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် သေဆုံးသူတွေရဲ့ အလောင်းတွေကို ထားဖို့ နေရာအသစ်တွေကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကယ်လက်တွေ့မှာ လူအရေအတွက် ဘယ်လောက်သေဆုံးသွားပြီလဲဆိုတာကို ရှင်းလင်းစွာ မသိရသေးသော်လည်း အီကွေဒေါမှာ ၁၉၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။ သေဆုံးသူများထဲမှ ၁၃၀ လောက်ဟာ ဂွာရာစီရင်စုမှ ဖြစ်ပါတယ်။ သေဆုံးသူအများစုကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးထားခြင်းမရှိတာကြောင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ဘယ်လောက်ရှိနေပြီလဲဆိုတာကို မခန့်မှန်းနိုင်သေးပါဘူး။

လက်ရှိမှာတော့ နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး အစိုးရက ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။ ဂွိုင်ရာကီးလ်မြို့တော်ဝန်ကလည်း သုသန်နဲ့ အောက်မေ့ဖွယ်အခမ်းအနားအတွက် နေရာအသစ် နှစ်ခုကို စီစဉ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။


08 May 2020     2,296 Views




RELATED

Most Popular of International News

Most Popular of NEWS