BEC-TERO TV

ဈေးဝယ်စင်တာတွေ ၂ လနီးပါး ပိတ်ထားခဲ့ပြီးနောက် ဖြစ်ပျက်နေတဲ့ မြင်ကွင်း

11 May 2020     1,490 Views


မလေးရှားနိုင်ငံတွင် Covid-19 ကြောင့် ဈေးဝယ်စင်တာများကို မတ်လ ၁၈ ရက်နေ့ကတည်းက  ပိတ်ထားခဲ့ရပြီး ၂ လနီးပါးအကြာ မေလ ၁၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ဈေးဆိုင်အတော်များများက ပိတ်ထားခဲ့စဉ်ကာလက ထားရှိခဲ့တဲအတိုင်း ခြေရာလက်ရာ မပျက်ရှိနေခဲ့ပေမယ့် သားရေနဲ့လုပ်ထားသည့် ဖက်ရှင်ပစ္စည်းများ ရောင်းချရာ ဆိုင်တစ်ဆိုင်ကတော့ မြင်မကောင်းလောက်အောင် တစ်ဆိုင်လုံး ရွံစရာကောင်းနေတာကို ဆိုင်လာပြန်ဖွင့်တဲ့ အရောင်းဝန်ထမ်းတစ်ဦးက ထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။

ဆိုင်ဟာ ပတ်ချာလည် မှန်ခန်းဖြစ်ပြီး ဆိုင်အပြင်ဘက်က ကြည့်ရုံနဲ့တင် အန်ချင်စိတ်ပေါက်သွားလောက်အောင် ရွံရှာဖွယ်ကောင်းနေပါတယ်။

ဆိုင်ထဲမှာ ခင်းကျင်းပြသထားတဲ့ သားရေကျောပိုးအိတ်၊ သားရေလက်ကိုင်အိတ်၊ သားရေရှုးဖိနပ် အတော်များများ မှိုတွေတက် ဆားတွေပေါက်ပြီး ရွံစရာကောင်းနေတာကို မြင်တွေ့ရပါတယ်။ ဒီပစ္စည်းတွေ အားလုံးနီးပါးဟာ Branded တန်ဖိုးကြီးပစ္စည်းတွေဖြစ်ပြီး ကျောပိုးအိတ်တစ်လုံးဆိုရင် မလေးရှားရင်းဂစ် ၆၇၉ (ကျပ် ၂ သိန်းကျော်) တန်ဖိုးရှိတာကို တွေ့ရပါတယ်။

အဆိုပါ ဓါတ်ပုံများ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီးနောက် ဒီဆိုင်ဟာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။ ပစ္စည်းတွေကို ဈေးဝယ်သူတွေက ကိုင်ကြည့်ကြပြီးနောက် ဆိုင်ဝန်ထမ်းများက သေသေချာချာ သန့်ရှင်းရေးမလုပ်ထားတဲ့အချိန်မှာ ဈေးဝယ်စင်တာတွေ ရုတ်တရက် ပိတ်လိုက်ရတာကြောင့် လေအေးပေးစက်တွေပါ မမောင်းတော့တဲ့အတွက် သားရေပစ္စည်းတွေ လေဝင်လေထွက်မကောင်းတော့ပဲ အခုလို မှိုတွေပွင့်၊ ဆားတွေပေါက်ခဲ့ရတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုတာကို မြင်တွေ့ရပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် လူတွေရဲ့လက်ဟာ တစ်ချိန်လုံးသန့်မနေပဲ လက်ကနေတစ်ဆင့် ထိတွေ့ပြီးနောက် ကပ်ငြိပေါက်ပွားနိုင်တဲ့ ရောဂါပိုးတွေရဲ့ အန္တရာယ်က ဘယ်လောက်တောင်ကြီးမားတယ်ဆိုတာကို အကောင်းဆုံး သာဓကပြသလို ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် Covid-19 ရောဂါကာကွယ်ဖို့ လက်ကို ခဏ ခဏ ဆေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။


11 May 2020     1,490 Views




RELATED

Most Popular of Special or Others

Most Popular of NEWS