BEC-TERO TV

Covid-19 နလန်ထလူနာများ၏ သုက်ပိုးတွင် ဗိုင်းရပ်စ်ရှိနေသေးကြောင်း သုတေသီများသတိပေး

11 May 2020     1,539 Views


တရုတ်ဆေးသိပ္ပံသုတေသီများ၏ လတ်တလောစမ်းသပ်လေ့လာချက်အရ Covid-19 ကူးစက်ခံရပြီးနောက် ရောဂါပျောက်ကင်းပြီး နေပြန်ကောင်းလာသော (recovery) နလန်ထ လူနာများ၏ သုက်ပိုးတွေ Covid-19 ဗိုင်းရပ်စ် တွေ့ရှိခဲ့ရသဖြင့် နလန်ထလူနာများ လိင်ဆက်ဆံရာတွင် အကာအကွယ်ကွန်ဒုံး အသုံးပြုကြရန် သတိပေးလိုက်သည်။

တရုတ်နိုင်ငံ ဟန်နန်စီရင်စုရှိ ရှန်ချုံမြူနီစပယ်ဆေးရုံတွင် Covid-19 ကူးစက်ခံရပြီး ကုသမှုခံယူနေရသူ ၃၈ ဦးကို ဆေးသုတေသီများက လေ့လာစမ်းစစ်ခဲ့ပြီးနောက် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ၃၈ ဦးထဲမှာ ၆ ဦး၏ သုက်ပိုးနမူနာအား စမ်းသပ်လေ့လာခဲ့ရာ Covid-19 ဖြစ်စေသော SARS-CoV-2 RNA ဗိုင်းရပ်စ်ကို သုက်ပိုးထဲတွင် တွေ့ရှိခဲ့ရသည်။

Science Alert သတင်းဌါန၏ ဖော်ပြချက်တွင် လူနာ ၁၅ ဦး၏ သုက်ပိုးနမူနာကို သူတို့ Covid-19 ကြောင့် ဖျားနာနေကြစဉ် ရယူထားပြီး ကျန် ၂၃ ဦးကိုတော့ Covid-19 ရောဂါပျောက်ကင်းပြီး နှစ်ရက် သုံးရက်အကြာမှာ ရယူထားခဲ့ခြင်းဖြစ်သည်။

Covid-19 ဖြစ်နေဆဲ လူနာ ၁၅ ဦးစလုံး၏ သုက်ပိုးထဲတွင် ဗိုင်းရပ်စ် ရှိနေတာကို အတိအကျတွေ့ရှိခဲ့ရပြီး၊ Covid-19 ပျောက်ကင်းသွားသော လူနာ ၂၃ ဦးထဲမှ ၂ ဦး၏ သုက်ပိုးထဲတွင် ဗိုင်းရပ်စ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရောဂါပျောက်ကင်းသက်သာပြီး နှစ်ရက် သုံးရက်အကြာတွင် လူနာများ၏ သုက်ပိုးနမူနာများရယူခဲ့ပြီး အားလုံး၏ သုက်ပိုးထဲတွင် RNA ကိုတွေ့ရှိခဲ့ရသည်။ RNA ကို လူနာများ၏ သုက်ပိုးထဲတွင် တွေ့ရှိခဲ့ရသော်လည်း ဒါဟာ ရောဂါဖြန့်ဝေနိုင်တဲ့ အခြေအနေဟု မမှတ်ယူစေလိုကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ရောဂါပြန့်ပွားစေနိုင်တဲ့ ဗိုင်းရပ်စ်ဟာ Covid-19 လူနာနဲ့ ရောဂါကနေ ပျောက်ကင်းလာသူတို့ရဲ့ သုက်ပိုးကနေ သီးခြားခွဲထုတ်နိုင်မလားဆိုတဲ့အချက်ကို ဆက်လက်စုံစမ်းလေ့လာဖို့ သေရေးရှင်ရေးတမျှ လိုအပ်နေကြောင်း ဖော်ပြထားပါတယ်။

ထို့အတွက်ကြောင့် Covid-19 ဗိုင်းရပ်စ်ဟာ အမျိုးသားရဲ့ ဝှေးစေ့ထဲမှာ အချိန်ကြာကြာ ပေကပ်ပြီးနေနိုင်တဲ့ ဖြစ်နိုင်ချေရှိနေတာကြောင့် Covid-19 ကနေ ပြန်လည်ကျန်းမာလာတဲ့ နလန်ထလူနာများအနေနဲ့ လိင်ဆက်ဆံရာတွက် အန္တရာယ်ကင်းရှင်းစေရန် သုတေသီများ၏ လေ့လာစမ်းစစ်မှု အဖြေများ အတိအကျထွက်လာချိန်အထိ ကွန်ဒုံး အသုံးပြုကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။


11 May 2020     1,539 Views




RELATED

Most Popular of Special or Others

Most Popular of NEWS