BEC-TERO TV

တိုကျိုဆေးရုံတွင် ခုတင်နေရာ ၉၀% ကျော်ကို Covid-19 လူနာများသစ်များအတွက် ပြင်ဆင်

11 May 2020     1,524 Views


ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအသစ် တိုးပွားလာပါက  ထိန်းချူပ်နိုင်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဆေးရုံတွင် Covid-19 လူနာများအတွက် ခုတင်နေရာ ၉၀% ကျော်ကို ထပ်မံဖြည့်တင်းထားကြောင်း ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးဌါနက မေလ ၁၀ ရက် နေ့တွင် ပြောကြားလိုက်သည်။

ဝန်ကြီးဌါန၏ ပြောကြားချက်တွင် ဧပြီလ ၂၈ ရက်နေ့ထိ Covid-19 နဲ့ ဆေးရုံတက်ခဲ့ရသည့် လူနာပေါင်း ၁,၈၃၂ ဦးရှိပြီး ဒီလူနာတွေအတွက် ခုတင် ၂,၀၀၀ ကို စီစဉ်ထားရှိပေးခဲ့သည်။ နောက်ထပ်တစ်ဖန် တိုကျိုမြို့တော်အစိုးရက Covid-19 လူနာများအတွက် ခုတင်အရေအတွက်ကို တိုးမြှင့်ကာ ၄,၀၀၀ ထိ စီစဉ်ထားလိုက်ပြီဖြစ်သည်။

“ရှေ့မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအသစ်တွေ ရှိလာနိုင်တယ်။ ဒါကြောင့်မို့ လိုအပ်လာနိုင်တဲ့ ခုတင်အရေအတွက်တွေကို မြန်မြန်ဆန်ဆန် ဖြည့်တင်းထားပါတယ်” ဟု ကျန်းမာရေးဝန်ကြီဂဌါနက ရိုက်တာသတင်းဌါနကို ပြောကြားခဲ့ပါတယ်။

တိုကျိုမြို့တွင် လူ ၅,၀၀၀ ဝန်းကျင် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဒါဟာ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကူစက်ခံနေရမှုပေါင်း ၁၆,၀၀၀ ရဲ့ သုံးပုံတစ်ပုံ ပမာဏရှိနေကြောင်း NHK သတင်းဌါနက ကြေညာခဲ့ပါတယ်။

ဧပြီလ ၂၈ ရက်ကစလို့ တစ်နိုင်ငံလုံးမှာ Covid-19 ကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူနေတဲ့ လူနာပေါင်း ၅,၅၅၈ ရှိလာခဲ့ပါတယ်။ ဒါဟာ ခုတင်နေရာ ၁၄,၄၈၆ ရှိတဲ့အထဲက ဗိုင်းရပ်စ်ကြောင့် အဆုတ်ရောဂါနဲ့ ကုသမှုခံနေရတာတွေကို ဘေးဖယ်ထားမယ်ဆိုရင်တောင် ခုတင်နေရာလွတ် ၃၈% ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌါနက ဖော်ပြခဲ့ပါတယ်။


11 May 2020     1,524 Views




RELATED

Most Popular of International News

Most Popular of NEWS