BEC-TERO TV

Mask တပ်တိုင်း ရေငွေ့ရိုက်တဲ့ဒုက္ခ ကြုံနေရတဲ့ လေးလုံးလေးများအတွက်

13 May 2020     1,479 Views


အခုအချိန်ကာလမှာ Covid-19 ကြောင့် အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း(Mask) ကို မဖြစ်မနေ တပ်ဆင်နေရပါတယ်။ မျက်မှန်တတ်ရပြီး ချစ်စရာ လေးလုံးလေးတွေအတွက် အဲဒီမှာ ပြဿနာက စတာပါပဲ။

Mask တပ်ပြီး အထဲကနေ အသက်ရှုထုတ်လိုက်တွင်း မျက်မှန်ကို ရေငွေ့တွေရိုက်ပြီး အရှေ့ မြင်ကွင်းက မှုန်ဝါးသွားပါတယ်။ စာရေးသူကလည်း မျက်မှန်သမားဆိုတော့ ကောင်မလေးချောချောလေးတွေ ရှေ့ကဖြတ်သွားရင် အမြင်မကြည်လင်မှာစိုးလို့ အသက်ရှုမထုတ်ရဲပဲ အောင့်ထားရတာ ခဏခဏပေါ့။

အခုလို အမြင်မှုန်ဝါးတဲ့ဒုက္ခကို ဖြေရှင်းဖို့က နည်းလမ်းသိရင် အင်မတန်ကို လွယ်ကူပါတယ်။

ဒီပြဿနာမျိုးဟာ သာမန်လူတွေမှာ အခုမှသာ ကြုံတွေ့နေရတာဖြစ်ပေမယ့် မျက်မှန်တပ်ရတဲ့ ဆရာဝန်တွေမှာတော့ လူနာတွေကို ကုသမှုတွေ ပြုလုပ်တိုင်း ကြုံရတတ်တာမို့ ဒီဖြေရှင်းနည်းလမ်းလေးကိုလည်း အင်္ဂလန်နိုင်ငံ တော်ဝင်ဆေးတက္ကသိုလ်တစ်ခုမှ ခွဲစိတ်အထူးကု ဆရာဝန်နှစ်ဦးက နည်းပေးလမ်းပြထားတာ ဖြစ်ပါတယ်။

လုပ်ပုံလုပ်နည်းကတော့

အဆင့်(၁)

အရင်ဦးဆုံး သင့်ရဲ့လက်ကို စက္ကန့် ၂၀ လောက်​ ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးပါ။

အဆင့်(၂)

မျက်မှန်ကို ရေဖြင့်ဆေးကြောပြီး ဆပ်ပြာအနည်းငယ်ဖြင့် မှန်ကိုဖွဖွလေး ပွတ်တိုက်ပါ။

 

အဆင့်(၃)

ဆပ်ပြာဖြင့် မှန်ကိုပွတ်တိုက်ပြီးသွားရင် မျက်မှန်ကို ရေနွေးနွေးလေးဖြင့် ဆေးချလိုက်ပါ။ ဆပ်ပြာမြုပ်များ ကပ်ငြိမကျန်တော့သည်အထိ ရေဆေးပေးပါ။

အဆင့်(၄)

သန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါ (သို့) မျက်မှန်သုတ်ပဝါ ဖြင့် မျက်မှန်ပေါ်ရှိရေများ ခြောက်သွေ့သွားအောင် ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

ဒါဆိုရင်တော့ Mask တပ်တိုင်း မျက်မှန်ပေါ်မှာ ရေခိုးရိုက်တဲ့ဒုက္ခက ကင်းဝေးသွားပြီဖြစ်ပါတယ်။


13 May 2020     1,479 Views




RELATED

Most Popular of Special or Others

Most Popular of NEWS