BEC-TERO TV

ဝှေးစေ့အားမကောင်းတဲ့ အမျိုးသားများ Covid-19 ကူးစက်ပါက သေဆုံးနိုင်ချေများ

14 May 2020     1,404 Views


ဂျာမန်ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အသစ်တစ်ခုတွင် အမျိုးသားများအနေနဲ့ ဝှေးစေ့မှထွက်သော ဟော်မုန်းဓာတ် အားနည်းသူသည် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံရပါက သေဆုံးနိုင်ချေ မြင့်များကြောင်း သိရသည်။

Covid-19 ကြောင့် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေရသူ ၄၅ ဦးကို စမ်းသပ်လေ့လာခဲ့ရာ ဝှေးစေ့မှထွက်သော တက်စ်တာစထရုန်း ဟော်မုန်းဓာတ်ရဲ့ ထုတ်လုပ်မှု ပမာဏက အဓိကသော့ချက်ဖြစ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ဆေးပညာရှင်များအနေနဲ့ ဘာကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို ဆုံးဖြတ်ချက် မပေးနိုင်ကြသေးပါ။

တက်စ်တာစထရုန်း ဟော်မုန်းဓာတ်ကို အမျိုးသားများရော အမျိုးသမီးများ၏ မျိုးပွားအင်္ဂါများမှ ထုတ်လုပ်ပေးပြီး အမျိုးသားများတွင် ထုတ်လုပ်မှုနှုန်းပိုမြင့်ကာ ၎င်းက ခန္ဓာကိုယ်ခုခံအားစနစ်အတွက် အထောက်အပံ့ဖြစ်စေသည်။

ပုံမှန်အားဖြင့် အမျိုးသားများတွင် ဝှေးစေ့မှထွက်သော ဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အကူအညီပေးပါတယ်၊ ဒါပေမယ့် ထုတ်လုပ်မှုနှုန်း အလွန်နည်းလွန်းသူတွေအတွက်တော့ ရောဂါပိုးကူးစက်ခံထားရမှုကြောင့် ခုခံအားစနစ်ကို မထောက်ပံ့ပေးနိုင်တော့တာကို တွေ့ရသည်။

ဒီဖြစ်စဉ်ကို ဆေးပညာမှာ ဆိုက်တိုကိန်းမုန်တိုင်း (cytokine storm) အနေနဲ့ သိရှိထားပြီး ဒီအခြေအနေဖြစ်လာတာနဲ့ တစ်ပြိုင်နက် ခုခံအားစနစ်က ထွက်လာပြီး ရောဂါဖြစ်ပွားစေတဲ့ ပက်သိုဂျင် (pathogen) တွေကို ကြိုးစားတိုက်ခိုက်ပါတော့တယ်။ ဒီဖြစ်စဉ်မဖြစ်ပေါ်တော့ဘူးဆိုရင် ခုခံအားစနစ်က မသိတော့တဲ့အတွက် ခန္ဓာကိုယ်တွင်းမှာ တိုက်ခိုက်ခံရပါတယ်၊ ဒီအခြေနေတွေကြောင့် သေစေနိုင်လောက်တဲ့ထိ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။

အထူးကြပ်မတ်ဆောင်မှာ Covid-19 ကြောင့် ကုသမှုခံယူနေရတဲ့ လူနာ ၄၅ အမျိုးသား ၃၅ ယောက် နဲ့ အမျိုးသမီး ၁၀ ယောက်တို့ကို သုတေသီတွေက လေ့လာခဲ့ကြရာမှာ ၇ ယောက်က အောက်ဆီဂျင်ပေးထားရန်လိုအပ်ပြီး ၃၃ ဦးမှာ အသက်ရှုစက် ဗန်တီလေတာ တပ်ဆင်ပေးထားရသည်။ သူတိုအားလုံးထဲမှ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Covid-19 အမျိုးသားလူနာတွေ သေဆုံးရတဲ့ အဓိက အကြောင်းရင်းဟာ တက်စ်တာစထရုန်း ဟော်မုန်းဓာတ် ထုတ်ပေးနိုင်မှု အားနည်းလို့ဖြစ်ကြောင်း Lebibniz Institute ၏ ရောဂါပိုးမွှား‌ဗေဒဌါနမှ ပရော်ဖက်ဆာ Gulsah Gabrield က ပြောဆိုခဲ့သည်။


14 May 2020     1,404 Views




RELATED

Most Popular of Special or Others

Most Popular of NEWS