BEC-TERO TV

ခရီးဆောင်သေတ္တာထဲထည့်ကာ ပြန်ပေးဆွဲခံရသူအား တက္ကစီမောင်းသူ ကယ်တင်လိုက်နိုင်

20 May 2020     1,365 Views


တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချန်ဒူးမြို့တွင် တက္ကစီအငှားယာဉ်မောင်းတစ်ဦးက ခရီးဆောင်သေတ္တာထဲတွင် ထည့်ပိတ်ကာ ပြန်ပေးဆွဲခံထားရသော အမျိုးသမီးတစ်ဦးအား မေလ ၁၅ ရက်နေ့က ကယ်တင်ခဲ့ရသည်။

အမျိုးသားတစ်ဦးက ခရီးဆောင်သေတ္တာအိတ်တစ်လုံးဆွဲကာ သူ၏ကားကို ငှားစီးခဲ့စဉ် သေတ္တာထဲမှ မသင်္ကာဖွယ်ရာ အသံကြားသဖြင့် တက္ကစီမောင်းသူက သေတ္တာကို ဖွင့်ခိုင်းခဲ့ရာ သေတ္တာထဲတွင် အဝတ်အစားအပြည့်နဲ့အတူ အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရပြီး တက္ကစီငှားစီးခဲ့သူ အမျိုးသားကတော့ ထွက်ပြေးသွားခဲ့ပါတယ်။

အမျိုးသမီးမှာ အသက် ၂၅ နှစ်အရွယ် “လွီ” ဆိုသူဖြစ်ပြီး သူမကို သေတ္တာထဲထည့်ကာ ပြန်ပေးဆွဲခဲ့သူမှာ သူမ၏ရည်းစားဟောင်း “ရှန်” ၂၁ နှစ်ဖြစ်ကြောင်း သိရသည်။ ရဲမှတ်တမ်းအရ “ရှန်” မှာ “လွီ” ၏ နေအိမ်သို့ မေလ ၁၂ ရက်နေ့က ရောက်လာခဲ့ပြီး ပိုက်ဆံလာတောင်းခဲ့ကြောင်း သိရသည်။ နောက်ထပ် သုံးရက်အကြာ မေလ ၁၅ ရက်နေ့မှာတော့ သူမကို အဝတ်အစားသေတ္တာထဲသို့ အတင်းအကျပ်ထည့်ပြီး သူနေထိုင်ရာ နေရာကို တက္ကစီငှားကာ ခေါ်ဆောင်လာခဲ့စဉ် လမ်းမှာ တက္ကစီမောင်းသူက ရိပ်မိခဲ့ပြီး ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

တက္ကစီမောင်းသူက ထွက်ပြေးသွားသော “ရှန်” နောက်ကို ပြေးလိုက်ခဲ့ပေမယ့် လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ထိုနေ့မှာပင် “ရှန်” ကို ဖမ်းဆီးရမိထားကြောင်း ချန်ဒူးရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး စုံစမ်းစစ်ဆေး အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။


20 May 2020     1,365 Views




RELATED

Most Popular of Special or Others

Most Popular of NEWS