BEC-TERO TV

အလုပ်ခွင်၌စိတ်မပျော်ရွှင်မှုများကို ဖြေရှင်းနိုင်သောနည်းလမ်း (၅)ခု

03 Jun 2020     1,543 Views


အလုပ်မှာ စိတ်မပါတော့ဘဲ စိတ်မပျော်ရွှင်ဖြစ်နေတတ်တာမျိုးကို မည်သူမဆို ဖြစ်ပေါ်တတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကလည်း အလုပ်အရမ်းများလွန်းတာကိုလုပ်ရခြင်း ၊အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်နှင့် အဆင်မပြေ စိတ်ကတောက်ကဆဖြစ်တာမျိုး၊ သူဌေးနှင့်အဆင်မပြေမှုများရှိခြင်း ၊ ပတ်ဝန်းကျင်မှာ စိတ်အနှာက်အယှက်ဖြစ်စေသော အရာများ လူများနှင့် တွေ့ကြုံရသောကြောင့် အလုပ်မှာ စိတ်အားထက်သန်မှု့တွေ ကျဆင်းပြီး အလုပ်ကို တက်တက်ကြွကြွမရှိတာ ဖြစ်ပွားစေနိုင်တယ်။

သင့်မှာ အကယ်၍ သင့်ရဲ့လက်ရှိအလုပ်ကိုလည်း နှစ်သက်နေတယ်၊ အလုပ်မှာလည်း စိတ်အားထက်သန်ကျဆင်းမှု မဖြစ်ချင်ဘူးဆိုလို့ရှိရင် အောက်ပါဖော်ပြမည့်နည်းလမ်း (၅) သွယ်ကို လိုက်နာပေးပါ။

1. အိပ်စက်အနားယူခြင်း

အိပ်မပျော်ခြင်းသည် သင့်ကို စိတ်အားထက်သန်မှုကိုကျဆင်းစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ပြီးတော့ မျက်စိက အိပ်မပျော်နိုင်သေးသရွေ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကလည်း ကောင်းမွန်စွာမဆောင်ရွက်နိုင်ပါ။ သို့ဖြစ်ပါ၍ တစ်နေ့တာလုံလောက်တဲ့အိပ်စက်မှုမရရှိလျှင် ကျန်းမာရေးထိခိုက်မှုများရှိလာနိုင်ပြီး၊ ပိုမိုဆိုးရွားတာက တစ်ခုခုကို ဆုံးဖြတ်ချက် ချမှတ်ရာမှာ အကျိုးသက်ရောက်မှုရှိလာနိုင်တယ်။

လုံလောက်စွာအိပ်စက်မှုရှိခြင်းသည် စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် အင်မတန်အရေးကြီးတယ်။ သိပ္ပံနည်းကျသက်သေဖော်ပြချက်အရ တစ်နေ့မှာ ၇ - ၉ နာရီခန့်အိပ်သင့်ပြီး၊ ယိုယွင်းသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်လည်ပြုပြင်ရန်အတွက်နှင့် လန်းလန်းဆန်းဆန်း မနက်ခင်းမှာ အိပ်ယာမှနိုးထနိုင်ပြီး နေ့သစ်တွင် အလုပ်စတင်လုပ်ကိုင်ရန် အဆင်သင့်ဖြစ်စေတယ်။

2. လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်ခြင်းကလည်း စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် ကောင်းမွန်တယ်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ စိတ်ဖိစီးမှုများကိုလျှော့ချပေးနိုင်ပြီး မှတ်ဉာဏ်တိုးတက်စေတယ်။

ထို့အပြင် ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းကြောင့်လည်း သင့်ကို စိတ်ချမ်းသာမှုတွေ ရစေတယ်။ နေ့စဉ် အိပ်ယာကနိုးတိုင်း အလုပ်အတွက်အင်အားအသစ်များကို နိုးကြားပေးတယ်။ ထို့အပြင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့်ဖြစ်သော စိတ်အားထက်သန်မှုကို ကျဆင်းခြင်းမှလည်း ကာကွယ်ပေးတယ်။

3. ရယ်မောခြင်း

ရယ်မောခြင်းဟာ တောင့်တင်းမှုများကို လျှော့ချပေးတယ်၊ ရေတို ရေရှည်အတွက် ကောင်းကျိုးသက်ရောက်မှုရှိတယ်။ သိပ္ပံနည်းကျလေ့လာမှုများအရ ရယ်မောခြင်းက စိတ်ဖိစီးမှုနှင့် အခြားဝေဒနာခံစားမှုများကို သက်သာစေတဲ့ ဆန့်ကျင်တဲ့ဓါတ်တစ်ခုကို ခန္ဓာကိုယ်က ထုတ်ပေးတယ်။

ထို့ကြောင့် မကြာခဏရယ်မောပေးပါ။ အလုပ်ဖော်နှင့်ရယ်မောစရာစကားပြောခြင်းကဲ့သို့ အလုပ်ဆင်းချိန်မှာ ဟာသရုပ်ရှင်ကားကြည့်ခြင်းကဲ့သို့ ပြုလုပ်ပါ။

4. လူမှုဆက်ဆံရေးပိုမိုပြုလုပ်ပါ

သင့်ရဲ့စိတ်ခံစားမှုကိုဖြည့်ဆည်းရန်အတွက် အပြင်က အခြားသူငယ်ချင်းတွေနဲ့တွေ့ဆုံရန် အချိန်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ခွင်ထဲကပဲ လူမှုဆက်ဆံရေးရှိခြင်းနှင့် အလုပ်အပြင် အခြားလှုပ်ရှားမှုများမရှိဘဲ အလုပ်ထဲကိုပဲစိတ်နှစ်ကိုယ်နှစ်ဖြစ်ပါလျှင် စိတ်အားထက်သန်မှုကျဆင်းခြင်းကို အလွယ်တကူဖြစ်ပေါ်ခံစားစေနိုင်တယ်။

အားလပ်ရက်တွေမှာ အိမ်မှာအပြည့်အဝအနားယူသည့်အပြင် အပြင်မှာ သူငယ်ချင်းတွေနဲ့အတူ အခြားလှုပ်ရှားမှုများ ပြုလုပ်ပေးသင့်တယ်။ ဒါတွေဟာ နောက်တစ်ပတ် အလုပ်များစတင်လုပ်ကိုင်ရန် မိမိကိုယ်ကို အားအင်တွေပြန်လည်ဖြည့်ဆည်းပေးရန်ဖြစ်တယ်။

5. ငြင်းဆန်တတ်ပါ

တခါတရံ အလုပ်မှာ ဘယ်အလုပ်အကိုင်မျိုးမဆို ငြင်းဆန်တတ်ဖို့လိုအပ်တယ်။ အကယ်၍ အလုပ်များ တစ်ပြိုင်နက်တည်း စုပြုံလာခဲ့တဲ့အချိန်တွေမှာပေါ့။ အဓိကကတော့ အလုပ်များကို စီမံခန့်ခွဲပေးတတ်ဖို့လိုအပ်တယ်။ အရေးကြီးဆုံး (သို့) အရေးအပါဆုံး အလုပ်တစ်ခုကို အရင်ဦးဆုံးဦးစားပေးရွေးချယ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

အကယ်၍ ငြင်းဆန်ဖို့ပြောရန် မဝံ့မရဲဘဲ အခြားသူများကို အလုပ်ဖြန့်ဝေလို့ရသော်လည်း မပေးဘဲ၊ အလုပ်များအားလုံးကို ကိုယ့်ဘာသာကိုယ်တစ်ဦးတည်းလက်ခံထားပြီး ဖိလုပ်တာဟာ စိတ်ဖိစီးမှုတွေ ပိုမိုဖြစ်ပေါ်ခံစားလာနိုင်ပြီးတော့ အလုပ်မှာစိတ်အားထက်သန်မှု ကျဆင်းသွားစေပြီး စိတ်မပျော်မရွင်မှုကို ဖြစ်ပေါ်ခံစားစေပါတယ်။

(ပိုပိုလေး)

 


03 Jun 2020     1,543 Views




RELATED

Most Popular of Special or Others

Most Popular of Life Style