BEC-TERO TV

၉ နှစ်အရွယ်ကောင်လေးရဲ့ငါးမျှားအစွမ်း

04 Jun 2020     1,601 Views


အချို့လူတွေဟာဆိုရင် “ဂုဏ်သိက္ခာ” ဆိုသည့်အရာသည် အရာအားလုံးထက် ပိုအရေးကြီးပါတယ်။ ဒီထဲကမှ အမေရိကန်နိုင်ငံ တင်နက်စီပြည်နယ် (Tennessee) ဟန်ဒါဆင်ဗီးလ်မြို့ (Hendersonville) ရှိ မိသားစုတစ်စုက “ကိုယီ ပရိုက်စ်” (Coye Price) လို့ခေါ်တဲ့ အသက် ၉ နှစ်အရွယ်ကောင်လေး အပါအဝင်ပါ။ ပြီးခဲ့သောရက်သတ္တပတ်အတွင်းက ငါးသွားမျှားရင်းနဲ့ အလွန်ကြီးမားတဲ့ အလေးချိန် ၈၈ ပေါင် (၃၆.၈ ကီလိုဂရမ်) ရှိတဲ့ “စတားဂျင်းငါး” (Sturgeon) တစ်ကောင်ဖမ်းမိ၍ သူ့ရဲ့သတင်းဟာကမ္ဘာကျော်သွားခဲ့ပါတယ်။

ခန္ဓာကိုယ်အလေးချိန် ၅၅ ပေါင် (၂၅ ကီလိုဂရမ်) မျှသာရှိသော “ကိုယီ” သည် “အိုးလ်ဟိတ်ခိုရီ” (Old Hickory Lake) ရေကန်မှ မျှားမိသောငါးအကြီးကြီးကို လှေပေါ်ဆွဲတင်ဖို့ အချိန် ၁၅ မိနစ်တောင်ကြိုးစားခဲ့ရတယ်။ ပြီးနောက် သူ့ကိုရေထဲပြန်မလွှတ်ခင် ထုံးစံအတိုင်း အမှတ်တရဓါတ်ပုံလေးတွေ ရိုက်ပါတယ်။

ဖခင်ဖြစ်သူရဲ့အဆိုအရ ကိုယီပရိုက်စ်၏ အသက် ၁၁ နှစ်အရွယ် အစ်မကြီးဖြစ်သူက အလေးချိန်ပေါင် ၄၀ ရှိတဲ့ ငါးတစ်ကောင်ဖမ်းမိပြီး၊ ၎င်းနောက် အသက် ၈ နှစ်အရွယ်ညီမလေးကလည်း အလေးချိန် ၅၈ ပေါင်ရှိတဲ့ ငါးတစ်ကောင် ထပ်ပြီးဖမ်းမိခဲ့ပြီးနောက် သူ့ရဲ့သားလေးက ငါးအကောင်ကြီးကြီးတွေကို ဖမ်းရန် အလွန်ပင်စိတ်အားထက်သန်ဖြစ်စေပြီး၊ အမျိုးသမီးများဖြစ်တဲ့ အစ်မနှင့်ညီမလေးတို့ကို အရှုံးပေးလို့ ဘယ်ဖြစ်မှာလဲဆိုတဲ့စိတ်ကြောင့် သူ့ခင်ဗျာ စိတ်ဖိစီးမှုတော်တော်ဖြစ်သွားစေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အစ်မကြီးနှင့် ညီမလေးတို့ကို ပြိုင်ဘက်မရှိအနိုင်ရရှိသွားခဲ့သည့်အပြင် အထူးကျေနပ်အားကျစရာအချက်တွေ ပိုမိုသိရှိခွင့်လည်းရခဲ့သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဤကြီးမားတဲ့ “စတားဂျင်း” ငါးကြီးဟာ ရှားပါးပြီး ဘယ်သူမှ လွယ်လွယ်မဖမ်းနိုင်လို့ပါပဲ။ ၎င်းသည် အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံးငါးအမျိုအစားများထဲမှ တစ်မျိုးဖြစ်ပါတယ်။ အပြည့်အဝအရွယ်ရောက်တဲ့ငါးဟာ အရှည် ၈ ပေခန့်ရှိပြီး၊ သက်တမ်းအားဖြင့် နှစ် ၁၅၀ အထိရှင်သန်နေထိုင်နိုင်ပါတယ်။

ကောင်လေးက သူဒီလောက်နဲ့တင် မရပ်တန့်သွားဘူး၊ တက်တက်ကြွကြွနဲ့ နောက်ထပ် စံချိန်အသစ်တွေကို ဖန်တီးနိုင်ရန် ရည်မှန်းချက်အကြီးကြီးရှိပါသေးတယ်။

(ပိုပိုလေး)

 

 


04 Jun 2020     1,601 Views




RELATED

Most Popular of Special or Others

Most Popular of NEWS