BEC-TERO TV

တရုတ်နိုင်ငံအဆင်မြင့်အရာရှိတွေ အီရန်နိုင်ငံကိုသွားရောက်

22 Sep 2015     1,301 Views


တရုတ်နိုင်ငံဟာ နိုင်ငံတော်ပိုင်ဆိုင်မှုများကြီးကြပ်ရေးနဲ့အုပ်ချုပ်ရေးကော်မရှင်(SASAC စာဆက်ခ်)ဥက္ကဋ္ဌကို အီရန်နိုင်ငံဆိုင်ရာတရုတ်အထူးသံတမန်အနေနဲ့ အီရန်နိုင်ငံကိုစေ လွှတ်သွားမယ်လို့တရုတ်နိုင်ငံခြားရေးဝန်ဌာနက စက်တင်ဘာလ ၂၁ ရက်မှာပြောကြား ပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့တရုတ်နိုင်ငံခရီးစဉ်အပြီးတစ်ပတ်အကြာမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်ထွက်ပေါ်လာတာပါ။ကော်မရှင် ဥက္ကဋ္ဌ ကျန်းရီဟာအီရန်ကိုစက်တင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်အထိသွားရောက်မှာဖြစ် တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြေကြားထားပေမယ့်ဘာအကြောင်းကြောင့် သွားရောက်တယ်ဆိုတာကိုတော့တိတိကျကျသတင်းထုတ်ပြန်ထားတာမရှိပါဘူး။ တရုတ်နိုင်ငံနဲ့အီရန်နိုင်ငံတို့ဟာသံတမန်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ မှာရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာဖြစ်ပြီးတရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီဟာအီရန်နဲ့ အမေရိကန်တို့နျူကလီးယားသဘောတူညီချက်ရရှိရေးမှာလည်းတက်တက်ကြွကြွပါဝင်ညှိနှိုင်းထားသူလည်းဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းကမတည်ငြိမ်မှုတွေမှာတရုတ်နိုင်ငံကိုပါဝင်ပြီးကူညီဖြေရှင်းပေးစေချင်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးကပြီးခဲ့တဲ့တစ် ပတ်တုန်းကတရုတ်နိုင်ငံကိုအလည်ပတ်ခရီးရောက်ရှိနေချိန်မှာပြောကြားထားပါတယ်။ နျူကလီးယားသဘောတူညီချက်အရစီးပွားရေးပိတ်ဆို့မှုတွေပြန်ရုတ်သိမ်းချိန်မှာတရုတ်ကုမ္ပဏီတွေအီရန်နိုင်ငံအတွင်းမှာလာရောက်ရင်းနှီးမြုပ်နှံဖို့ကိုလည်း အီရန်နိုင်ငံခြားရေး ၀န်ကြီးကဖိတ်ခေါ်ထားပါတယ်။


22 Sep 2015     1,301 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS