BEC-TERO TV

စိတ်ဖိစီးမှုရှိတာချင်းအတူတူ တချို့က စားနိုင်ပြီး တချို့က မစားနိုင်တာ ဘာကြောင့်လဲ

05 Jun 2020     1,480 Views


စိတ်ဖိစီးမှုဖြစ်ရင် အစားအသောက်အလေ့အထ၊ အိပ်စက်အနားယူခြင်း၊ စိတ်ခံစားမှု၊ အပြုအမူ စတဲ့ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်  ခံစားစေတတ်ပါတယ်။ စိတ်ဖိစီးမှုနှင့် အစားအသောက်ဆိုင်ရာအလေ့အထများဘဝမှာ အဆင်မပြေတဲ့အကြောင်းအရာများနှင့်ကြုံတွေ့ရတဲ့အခါမှာ စိတ်ဖိစီးမှုများဖြစ်ပေါ်ခံစားတတ်ပါတယ်။ တခါတရံ ကျွန်ုပ်တို့ရဲ့ အစားအသောက်အလေ့အထတွေကိုပါ ထိခိုက်စေတယ်။ စိတ်ဖိစီးမှုဖြစ်ပြီး တချို့လူတွေက အစားပိုမို စားတတ်ပြီး၊ တချို့လူတွေက ‌ချောင်ကျသွားသည့်အထိ မစားနိုင်မသောက်နိုင် ဖြစ်ပါတယ်။

ကိုယ်ခန္ဓာကို ထိခိုက်မှုရှိသော စိတ်ဖိစီးမှု သည် အစာစားချင်စိတ်ကို ကျဆင်းစေသော အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတယ်။ ဥပမာ - မိုင်ဂရိန်း‌(ခေါင်းတစ်ခြမ်းကိုက်ခြင်း)၊ အစာမကြေလေထိုးလေအောင့်၊ ကြွက်သားများတောင့်တင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ခံစားမှုအပြောင်းအလဲရှိခြင်း၊ မေ့လျော့တတ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ နာတာရှည်ရောဂါဝေဒနာတစ်ခုခုခံစားခြင်း အစရှိသော။

ကိုယ်ခန္ဓာအကျိုးသက်ရောက်မှုမရှိဘဲ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ထိခိုက်တဲ့ စိတ်ဖိစီးမှု ကတော့ အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေနိုင်တယ်။ ဥပမာ - အသဲကွဲတာ၊ ထီမပေါက်လို့၊ အရေးကြီးကိစ္စရပ်များမဟုတ်တဲ့ အသေးအမွှားကအစ စိတ်ဖိစီးမှုဖြစ်တာ အစရှိသော။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်က အစာစားချင်စိတ်ကိုဖြစ်ပေါ်စေသော ဟော်မုန်းတစ်ခုကိုထုတ်လုပ်ပေးတယ်။ အထူးသဖြင့် အမျိုးသားများထက် မုန့်ပဲသွားရေစာများကိုပိုမိုကြိုက်နှစ်သက်သောအမျိုးသမီးများကပိုပြီးဖြစ်နိုင်ချေများတယ်။ စားပြီး ဗိုက်လည်းပြည့် စိတ်လည်းရွှင်ပြီး ချက်ချင်းအင်အားဖြစ်စေတဲ့အစားအစားများမှာ သကြားနှင့်အဆီများပါဝင်တဲ့အစားအစားများ ဖြစ်ပါတယ်။ ဥပမာ - မုန့်အချိုများ၊ ဆီကြော်စာများ၊ အကင်စာများ၊ ရေခဲမုန့် အစရှိသော....။

 

ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာများနှင့် စိတ်ဖိစီးမှုများဖြေလျှော့နည်း

စိတ်ဖိစီးမှုများကြောင့် စားနိုင်သည်ဖြစ်စေ၊ မစားနိုင်သည်ဖြစ်စေ ကျန်းမာရေးနှင့်ညီညွှတ်တဲ့အစားအစာများကိုသာ စားပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်အထူးကောင်းမွန်ပါတယ်။

ထို့ကြောင့် သန့်ရှင်းလတ်ဆတ်တဲ့အစားအစာများဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ ငါး၊ ကြက်သား (အရေခွံမပါဘဲ) ဆီနဲ့ချက်စားတာထက် ဖုတ်စား၊ ပေါင်းစား၊ ကင်စားတာက ပိုပြီးကောင်းမွန်ပါတယ်။

ထို့အပြင် စိတ်ဖိစီးမှုများကိုလည်း တတ်နိုင်သလောက်‌လျှော့ချပါ။ နေကောင်းအောင်နေပါ၊ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းနားထောင်တာ၊ သီချင်းဆိုတာ၊ ရုပ်ရှင်ကြည့်တာ၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့‌တွေ့ဆုံတာ၊ စကားပြောဆွေးနွေးတာဒါတွေလုပ်ပေးခြင်းက စိတ်ဖိစီးမှုတွေသက်သာလျှော့နည်း စေနိုင်တယ်။

(ပိုပိုလေး)

 


05 Jun 2020     1,480 Views




RELATED

Most Popular of Special or Others

Most Popular of Life Style