BEC-TERO TV

၇ နှစ်ကြာ Lock Down ဝင်ခဲ့သောသိုး

10 Jun 2020     3,212 Views


ကိုယ်မွေးမြူထားသောတိရိစ္ဆာန်တစ်ကောင်က နှစ်အတော်ကြာပျောက်ကွယ်သွားပြီးမှ တစ်နေ့မှာ ကိုယ့်ဆီ ပြန်ရောက်လာမယ်ဆိုတာ ဘယ်သူကများ ထင်မှတ်ထားမှာလဲ…၊ ဘာဖြစ်လို့လဲဆိုတော့ သူက ၇ နှစ်ကြာတောင် ပျောက်ကွယ်သွားတာကိုး…။

သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားပြည်နယ် (Tasmania) သိုးမွေးမြူရေးခြံပိုင်ရှင် “အဲလစ်” (Alice) ၏ သိုးကဲ့သို့ပင်……။

အကြောင်းမှာ လွန်ခဲ့သော ၂၀၁၃ ခုနှစ်တွင် ကြီးမားသောတောမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ သူမရဲ့ သိုးမွေးမြူရေးခြံစည်းရိုးအထိပါ မီးများကူးပြီး ပျက်စီးသွားခဲ့ပါတယ်။ သိုးများသည်လည်း ကံကြမ္မာဆိုးအရ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်။ အသက်ဘေးမှမလွတ်မြောက်ဘဲ မီးတောက်ထဲ သိုးကင်များဖြစ်သွားလောက်ပြီလို့ပဲ သူမက တွေးမိတယ်။

“အဲလစ်” ၏နေအိမ်သည် ပုံမှန်အားဖြင့် အိမ်ရှေ့တွင် အခြားတောရိုင်းတရိစ္ဆာန်များကို စောင့်ကြည့်ရန် CCTV တပ်ဆင်ထားပါတယ်။ တစ်နေ့တွင် ခြံရဲ့မလှမ်းမကမ်းမှာ အမွှေးအမျှင်များကပ်ထားသောဘောလုံးတစ်လုံးလို အကောင်တစ်ကောင်ကို ခပ်ဝေးဝေးမှာ မြင်လိုက်တယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ ဘာမှမရှိခဲ့ပါဘူး။

တစ်နေ့တွင် သူအပြင်မှာ အကင်လုပ်စားရင်းနဲ့ “Prickles” လို့ခေါ်သော လုံးလုံးဝိုင်းဝိုင်းအမွှေးထူထူ သိုးလေးတစ်ကောင်က သူ့ပိုင်ရှင်ရှေ့တွင် ရောက်ရှိလာပါတော့တယ်။

အရမ်းပျော်ရွှင်သွားသော သူမကတော့ သူမရဲ့သိုးလေးက Covid-19 အတွက် သူ့ဘာသာသူ အချိန် ၇ နှစ်တောင် လော့ခ်ဒေါင်းဝင်သွားတယ်လို့ “အဲလစ်” က ဟာသပြောသွားပါတယ်။

ဒါဟာ….မြန်မာစကားပုံလို ကံမကုန်ရင် ပြန်ဆုံကြမယ် ဆိုသလိုပေါ့….သူငယ်ချင်းတို့ရေ…..။

(ပိုပိုလေး)

 

 


10 Jun 2020     3,212 Views




RELATED

Most Popular of Special or Others

Most Popular of NEWS