BEC-TERO TV

ကျန်းမာရေးအတွက် သိထားသင့်သော အချက် ၂၀

10 Jun 2020     1,606 Views


အောက်ဖော်ပြပါအချက်တွေကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက် ၂၀ ပါ။

၁။ ဗီတာမင်ဒီကို နေရောင်ခြည် ဗီတာမင်လို့လည်း ခေါ်ကြပါတယ်။

အရေပြားပေါ် နေရေင်ခြည်ကျရောက်တဲ့အခါ ထွက်ရှိလာခြင်းကြောင့်ပါ။ ဗီတာမင်ဒီ လုံလောက်စွာ ရရှိမှ အရိုးကြံ့ခိုင်သန်စွမ်းမှာပါ။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားစနစ်အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေသလို သက်ကြီးရွယ်အိုတွေမှာ ကြွက်သားသန်မာဖို့လည်း ဗီတာမင်ဒီ လိုအပ်ပါတယ်။

 

၂။ ချောကလက် ကြိုက်သူတွေအတွက် သတင်းကောင်းပါ။

ချောကလက်ကို စားသုံးလေ့ရှိသူတွေဟာ မစားသောသူတွေနဲ့ ယှဉ်လိုက်တဲ့အခါ သက်တမ်းတစ်နှစ် ပိုရှည်ကြောင်း ဟားဗက်တက္ကသိုလ်က လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိထားသင့်ပါတယ်။ အများကြီးစားရင်လည်း အဝလွန်တတ်လို့ပါ။

 

၃။ သံဓာတ် ဟာ သွေးအားကောင်းစေနိုင်ပါတယ်။

သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းရွက် (ဟင်းနုနယ်ရွက်လိုမျိုး) ကို ချက်စားတာဟာ အစိမ်းစားတာထက်စာရင် သံဓာတ်စုပ်ယူနိုင်စွမ်း လေးဆပိုရရှိနိုင်ပါတယ်။

 

၄။ အိုမီဂါ-၃ ဖက်တီးအက်စစ် ဟာ ဦးနှောက်စွမ်းအား မြင့်မားစေနိုင်ပါတယ်။

လေ့လာချက်တွေအရ စိတ်ဓာတ်ကျရောဂါ ခံစားနေရသူတွေမှာ ထိုအက်စစ်ပမာဏ လျော့နည်းနေတတ်ကြောင်း၊ ထိုအက်စစ် ပမာဏ မြင့်အောင် လုပ်ပေးပြီးနောက် စိတ်ကျရောဂါလက္ခဏာတွေသက်သာလာကြောင်း တွေ့ရပါတယ်။

 

၅။ အသက်ရှည်ဖို့ အစားအစာတွေ ထဲမှာ ပန်းဂေါ်ဖီစိမ်း (Brocoli)၊ ငရုတ်သီးတောင့်၊ အချဉ်ဓာတ်ပါတဲ့ အသီး၊ ကြက်သွန်ဖြူ၊ ဘလူးဘယ်ရီး၊ ဒိန်ချဉ်၊ ငါးသေတ္တာ၊ အဆီများငါး၊ ပဲပိစပ်၊ အယ်လ်မွန်စေ့၊ ဟင်းနုနယ်၊ အုပ်ဂျုံ(Oat)နဲ့ ခရမ်းချဉ်သီးတွေ ပါရှိပါတယ်။

 

၆။ ဆေးလိပ်ဖြတ်ခြင်းကို မြန်မြန်လုပ်သင့်ပါတယ်။

ဆေးလိပ်ဖြတ်ပြီး ငါးနှစ်အကြာမှာ ဘယ်ရောဂါနဲ့မဆို သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းထိ လျော့ကျသွားနိုင်ကြောင်း တွေ့ရလို့ပါ။

 

၇။ ဗီတာမင်စီ များများစားပေးပါ။

ဗီတာမင်စီက ကိုယ်ခံစွမ်းအားကောင်းစေတဲ့အပြင် သွားနဲ့ သွားဖုံးကျန်းမာရေး၊ သံဓာတ်စုပ်ယူရေးတို့အတွက်လည်း အရေးပါတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။

 

၈။ ခရမ်းရောင် အသီးအနှံ တွေဖြစ်တဲ့ ခရမ်းသီး၊ ဆီးသီး၊ စပျစ်သီးတို့မှာပါတဲ့ ရောင်ခြယ်ဓာတ်တွေဟာ အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

၉။ အိုမီဂါ ၃ အဆီဓာတ် တွေဟာ ဦးနှောက်ကျန်းမာရေး၊ မျက်စိကျန်းမာရေး၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေသလို အရေပြားကိုလည်း နူးညံ့ ချောမွေ့စေနိုင်ပါတယ်။

အဓိက ရရှိတဲ့ နေရာကတော့ ငါးကြီးဆီမှ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဓာတ်ကို အစားအစာတွေကနေ အလုံအလောက် မရရှိနိုင်တာကြောင့် ဆေးဝါးအဖြစ် မှီဝဲပေးဖို့ လိုပါတယ်။ တစ်နေ့ကို ငါးကြီးဆီ နှစ်လုံးလောက် သောက်ပေးသင့်ပါတယ်။

 

၁၀။ အရေပြားအလေးချိန် ဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းရှိပါတယ်။

 

၁၁။ ကြိုးခုန်ခြင်းက ခြေထောက်နဲ့ ပခုံးကို ကြံ့ခိုင်သန်မာစေနိုင်သလို နာရီဝက်အတွင်း ကယ်လိုရီ ၁၄၆၃ ကီလိုဂျူး (KJ) ကျစေနိုင်ပါတယ်။

 

၁၂။ အိမ်မွေးတိရစ္ဆာန်တွေက ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေဟာ တော်ရုံတန်ရုံ နေမကောင်းဖြစ်ခဲသလို နေမကောင်းဖြစ်ပါကလည်း ပိုပြီး မြန်မြန်ပြန်ကောင်းတတ်ပါတယ်။

 

၁၃။ နှလုံးရောဂါဟာ အမျိုးသမီးတွေမှာ မီးယပ် သွေးဆုံးပြီးနောက် ဖြစ်နိုင်ခြေများစွာ တိုးလာတတ်ပါတယ်။ 

ဒါကြောင့် မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေ အနေနဲ့ နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ပေးသင့်ပါတယ်။

 

၁၄။ အိပ်ရေးဝဝအိပ်ခြင်း က နာကျင်မှုတွေကို ပိုခံနိုင်ရည်ရှိကြောင်း တွေ့ရပါတယ်။

အိပ်စက်ခြင်းက နာကျင်မှုကို ဟန့်တားပေးတဲ့ အင်ဒိုဖင်း (Endorphin) ဟော်မုန်းတွေကို လွှင့်ထုတ်ပေးခြင်းကြောင့်ပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ခြောက်နာရီမှ ရှစ်နာရီကြာ အိပ်ချိန်ရှိအောင် ဂရုစိုက်ပေးပါ။

 

၁၅။ လက်တိုဖာရင် (Lactoferrin) ဆိုတာ

ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်တွေ့ရတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ခုခံအားဆဲလ်တွေကနေ ရောဂါပိုးတိုက်ဖျက်ရာမှာ ကူညီဖို့ လွှင့်ထုတ်ပေးပါတယ်။ Lactoferrin ပါတဲ့ အားဆေးတွေကို ခုခံအားဆဲလ်လုပ်ငန်းဆောင်တာကောင်းစေဖို့ သောက်ပေးနိုင်ပါတယ်။

 

၁၆။ အိုင်အိုဒင်းဓာတ် ဟာ လူတိုင်းအတွက် အရေးပါပါတယ်။ 

အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့စို့ကလေးတွေနဲ့ ကလေးငယ်တွေမှာ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးတိုးတက်ဖို့ အိုင်အိုဒင်းဓာတ် အရေးကြီးပါတယ်။ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားတွေကတော့ ပင်လယ်စာ၊ ငါး၊ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥတို့ပဲ ဖြစ်ပါတယ်။

 

၁၇။ ခရမ်းချဉ်သီး မှာ ဗီတာမင်စီများစွာ ပါဝင်ခြင်းကြောင့် အသားအရေကို လှပစေနိုင်သလို ခုခံအားလည်းကောင်းစေနိုင်ပါတယ်။

 

၁၈။ ဗီတာမင်မျိုးစုံပါရှိတဲ့ အားဆေး ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဂျင်းဆင်းပါရှိတဲ့ အားဆေးကို ပိုအစွမ်းထက်ပါတယ်။

 

၁၉။ ယောကဂကျင့်စဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက ခန္ဓာကိုယ်အတွင်း အားကောင်းစေဖို့၊ ကျန်းမာကြံ့ခိုင်စေဖို့၊ အသက်ရှည်စေဖို့အတွက် ကျင့်ကြံခဲ့ကြပါတယ်။

 

၂၀။ ဘယ်ရီသီးတွေဟာ ကျန်းမာရေးကို ကောင်းစေပါတယ်။

Raspberry သီးဖျော်ရည်ဟာ အစာအိမ်ရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကို သတ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ထိုဖျော်ရည်တွေကို စူပါမားကက်တွေမှာ ရှာတွေ့နိုင်ပါတယ်။

(ပိုပိုလေး)

 

 


10 Jun 2020     1,606 Views




RELATED

Most Popular of Special or Others

Most Popular of Life Style