BEC-TERO TV

မွေးနေ့မှာ သိန်း ၃၀ ကျော်ဖိုး ကံစမ်းမဲများ ဖောက်ပေးသွားမယ်ဆိုတဲ့ စမိုင်းလ်

10 Jun 2020     1,654 Views


ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းပိုင်းမှာရော စေတနာသဒ္ဒါတရားပိုင်းမှာပါ စိတ်အားထက်သန်လွန်းသူဖြစ်တဲ့ စမိုင်းလ်ကတော့ ငယ်ရွယ်စဉ်အချိန် အနုပညာအလုပ်တွေလုပ်ကတည်းက ယနေ့အချိန်ထိ ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားဆဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ သဲသဲလှုပ်အချစ်ခံထားရသလို သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ အမျိုးသမီးတိုင်းက လေးစားအားကျရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ကိုယ်တိုင်က ပျော်ပျော်ရွှင်ရွှင်နေတတ်သလို သူတစ်ပါးကိုလည်း ပျော်ရွှင်အောင်လုပ်ပေးရတာ နှစ်သက်တဲ့ စမိုင်းလ်ကတော့ မကြာခင်မှာကျရောက်တော့မယ့် သူမရဲ့မွေးနေ့မှာ ပရိသတ်တွေကို သိန်း ၃၀ ကျော်ဖိုး ကံစမ်းမဲများလုပ်ပြီး မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာကျရောက်မယ့် သူမရဲ့မွေးနေ့မှာ ပျော်စရာကောင်းတဲ့အစီအစဉ်တွေလုပ်ပြီး ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဂိမ်းတွေကစားပြီး ကံစမ်းမဲတွေလုပ် ဆုကြေးငွေတွေ လက်ဆောင်ပေးသွားမယ့်အကြောင်းကို ယခုလိုပဲ ရေးသားဖော်ပြထားပါတယ်။

“ကျမချစ်ရတဲ့ Smiley တွေကိုဘယ်လိုပျော်အောင်လုပ်ပေးရမလဲ ဘယ်လိုစိတ်ချမ်းသာအောင်လုပ်ရမလဲအမြဲစဉ်းစားနေတတ်တဲ့ကျမ..အခုမွေးနေ့လည်းနီးလာပြီဆိုတော့ ချစ်ရတဲ့သူတွေကိုဘာလုပ်ပေးရမလဲစဉ်းစားနေတာ.....အခုလို Covid အချိန်မှာလူတွေအဓိကလိုအပ်နေတာ ပိုက်ဆံပဲဆိုတော့ Smile ရဲ့မွေးနေ့မှာ ပျော်ပျော်ပါးပါးဂိမ်းတွေလည်း Live ကစားကြမယ်။ Smiley တွေအကုန်လုံးကလည်းပါဝင်ကစားနိုင်မယ် ပြီးတော့ ကံစမ်းမဲတွေလည်းလုပ်မယ်
ပထမဆု- ၁၀သိန်း
ဒုတိယဆု - ၅ သိန်းအပါအဝင် သိန်းပေါင်း ၃၆သိန်းတိတိကို ချစ်ရတဲ့သူတွေကို လက်ဆောင်ပြန်ပေးမဲ့အစီအစဉ်လေးကို ၂၁ရက်နေ့ မှာကျင်းပမယ်နော်” လို့ ရေးသားထားပါတယ်။

စမိုင်းလ်ကတော့ တကယ့်ကို အလှူအတန်းလဲရက်ရောသူ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ဦးဖြစ်သလို သူမကိုချစ်တဲ့ ပရိသတ်တွေကိုလည်း တကယ့်ကိုချစ်မြတ်နိုးသူဆိုတာ အထင်အရှားပါပဲနော်…

(ပိုပိုလေး)


10 Jun 2020     1,654 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment