BEC-TERO TV

ဒညင်းသီး နှင့် ကျန်းမာရေးပြသာနာ

12 Jun 2020     3,922 Views


ဒီတစ်ခါတော့ ကျန်းမာရေးအကြောင်း ဖတ်ဖူးတာလေး မျှဝေချင်ပါတယ်။ အစားအသောက်တွေထဲက အသီးတစ်မျိုးရဲ.အကြောင်းပါ။ ဒီအသီးကို ကျနော်တို. တော်တော်များများစားဖူးကြပါတယ်။ မြန်မာပြည်က ထမင်းဝိုင်းတွေမှာ အတို့ ရော အပြုတ် အဖြစ်စားကြ၊ ကြိုက်ကြပါတယ်။ တကယ်ကျတော့. ဆေးပညာအနေနဲ.ဆိုရင် ဒီအသီးကို မစားသင့်.ဘူးဆိုတာ ကျနော်စာအုပ်ထဲမှာ ဖတ်မိပြီးသိခဲ့ရပါတယ်။ ဒါကြောင်.ကျနော် ဖတ်ခဲ့ဖူးတဲ့ ဒီအသီးအကြောင်းရေးထားတာကို ပြန်ပြီးဝေမျှ လိုက်ပါတယ်။

အားလုံးသိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ့ လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့  တညင်းသီးပါ။ တညင်းသီးကို အင်္ဂလိပ်လို Djenkol Bean လို့ခေါ်ပြီး၊ သူ့ရဲ့ Scientific name ကတော. Pithecolobium -lobatum လို့ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့ အဆိပ်တွေ ဝ.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင့်တာကို Djenkilism လို့ခေါ်ပါတယ်။

အဆိုးရွားဆုံးကတော့ ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံးတွေ့ရပါတယ်။  ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို့လမ်းပိုများတယ်လို့ ဆိုပါတယ်။

အဆိပ်သင့်ခြင်း တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလို သီထားတဲ့ပုံ ဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ့တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းက ပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ်ကတော့ ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန့်ထုတ် ပေးပါတယ်။ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုယ်ထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားရပါတယ်။

ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို့ သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီး လုံးဝသွားလို့ မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ 

သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင် တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့ အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ဝ.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည့်ဝသွားတဲ့အတွက် အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်တဲ့အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့ ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီးတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော့ အန္တရာယ်တော်တော်လျော့သွားမှာပါ။

တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့်ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့ 100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစာရင်တော့ အဆိပ်တွေတော်တော်လေး လျော့နည်းသွားတယ်လို.ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေ ဖြစ်ပါတယ်။

အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို့ ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ့ ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင့် ထုတ်ပြန်ရေးသားထား တာတွေလည်းရှိပါတယ်လို့ ဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေးတဲ့ ဒီလိုအသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

(ပိုပိုလေး)

 

 


12 Jun 2020     3,922 Views




RELATED

Most Popular of Special or Others

Most Popular of Life Style