BEC-TERO TV

ကြက်သွန်ဖြူကို နည်းလမ်းမှန်မှန်စားသုံးရအောင်

13 Jun 2020     1,711 Views


ကြက်သွန်ဖြူစားပေးခြင်းအားဖြင့် သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေးစီးဆင်းမှု လျှော့နည်းတာတွေအတွက် ကောင်းမွန်စေပါတယ်။ကြက်သွန်ဖြူဟာ အကျိုးကျေးဇူးအများဆုံး အစားအစာတစ်မျိုးဖြစ်ပေမယ့်လည်း ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အစားအစာဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။

ကြက်သွန်ဖြူကို စားရင်ဘယ်သူမဆို ဘယ်လိုအခြေအနေမျိုးမှာမဆို စားသုံးလို့ရသလားဆိုတော့ အခုဖော်ပြမဲ့ အခြေအနေ မျိုးဆိုရင်တော့ မစားသင့်ပါဘူး။ ကြက်သွန်ဖြူကို လုံးဝစားလို့မရဘူးလားဆိုတာတော့မဟုတ်ပါဘူး။ ဆေးဖြစ်ဝါးဖြစ် မီးဖုတ်ပြီး စားတာတို့ အစိမ်းလိုက် ဝါးစားတာတို့ကို ရှောင်ကျဉ်ပါ။ ဟင်းချက်တဲ့နေရာမှာတော့ ထည့်ချက်လို့ရပါတယ်။

 

သွေးဖိအားနည်းခြင်း

ကြက်သွန်ဖြူကို အစိမ်းလိုက်စားတာဟာ သွေးတိုးကျစေလို့ သွေးဖိအားနည်းတတ်သူတွေအတွက် ကြက်သွန်ဖြူကို အစိမ်းလိုက်မစားသင့်ပါဘူး။ ဆေးဝါး အမျိုးမျိုး မှီဝဲနေရရင် သင်ဟာ ဝေဒနာတစ်ခုခုကြောင့် ဆေးဝါးတစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ကြက်သွန်ဖြူကို မစားခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဝါးတစ်မျိုးမျိုးရဲ့ အာနိသင်ကို မြင့်တင်နိုင်စွမ်းရှိတာပါတယ်။ ဒါဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။

အသည်းနဲ့ ဆိုင်တဲ့ ပြဿနာရှိရင် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ အသည်းနဲ့ဆိုင်ရာ ရောဂါတစ်ခုခုရှိနေသူဆိုရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။ ဆေးဝါးတွေရဲ့ အာနိသင်ကို လျှော့နည်းစေပါတယ်။

အစာအိမ်နဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခုရှိရင် ကိုယ့်အစာအိမ်က ထိခိုက်မခံဘူး။ တစ်ခုခုစားရင် အစာအိမ်နာတာတို့ ၊ အစာမကျေတာတို့ ဖြစ်တတ်ရင် ကြက်သွန်ဖြူ အစိမ်းကို အများကြီးမစားသင့်ပါဘူး။

 

ကိုယ်ဝန်ဆောင်နေစဉ်ကာလ

ကိုယ်ဝန်ဆောင်စဉ်မှာ ကြက်သွန်ဖြူ အစိမ်းလိုက် စားသုံးတာကို ရှောင်ကျဉ်ကြပါတယ်။ ကြက်သွန်ဖြူကို အများကြီးမဟုတ်ဘဲ အနေတော်စားသုံးတာဟာ နို့တိုက်ကျွေးချိန်နဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ လုံခြုံစိတ်ချရတယ်လို့ ပြောဆိုကြပေမဲ့ အဲ့ဒီအချိန်မှာ ကြက်သွန်ဖြူကို စားသုံးဖို့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ခံမပေးကြပါဘူး။

(ပိုပိုလေး)

 

 


13 Jun 2020     1,711 Views




RELATED

Most Popular of Special or Others

Most Popular of Life Style