BEC-TERO TV

သင်္ဘောသီးထောင်းကို စားပြီးမဝါးဘဲမျိုချလိုက်ရာ အူသိမ်မှာတစ်သွားသောအဖြစ်ဆိုး

13 Jun 2020     2,070 Views


အသက် ၆၀ အရွယ် လူနာတစ်ဦးသည် သင်္ဘောသီးထောင်းကို စားပြီး ချက်ချင်းမျိုချလိုက်ရာ နောက်ဆုံး ဗိုက်တအားအောင့်ပြီး ဆေးရုံသွားပြသောအခါ ကြက်ဥအရွယ်အစားလောက်ရှိသော အလုံးအကြိတ်လို သင်္ဘောသီးအဖတ်တွေ အူသိမ်မှာ တွေ့ရှိကြောင်း ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ “Jirat Jiratham” ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ အများပြည်သူများသတိထားနိုင်အောင် ဖော်ပြရေးသားထားပါတယ်။

ထိုင်းနိုင်ငံ ဆုန်ခလာ ခရိုင်၊ ဟတ်ယိုင်မြို့က ဤအသက် ၆၀ အရွယ်လူနာသည် ၂၀၁၄ ခုနှစ်တုန်းက အသည်းနှစ်ဖက်စလုံးမှာ ကျောက်တည်ရောဂါနှင့် ဆေးကုသမှုခံယူခဲ့ဖူးသူတစ်ဦး ဖြစ်ပါတယ်။

ဆေးရုံကဆင်းပြီး ၆ နှစ်ကျော်သွားပြီးနောက် ထိုလူနာသည် ဗိုက်ရစ်ပြီးနာတာ၊ ပျို့အန်ချင်တာ၊ အစိမ်းရောင်အရည်အန်ဖတ်တွေထွက်တာ၊ ဝမ်းမသွားတာ၊ လေမလည်တာ အစရှိသောလက္ခဏာတို့နှင့် ဆေးရုံသို့ ပြန်ရောက်လာခဲ့တယ်။ ဆရာဝန်များ စစ်ဆေးကြည့်သောအခါ အူသိမ်အောက်ပိုင်းမှာ တစ်ခုခုပိတ်နေတယ်လို့ ကနဦးစစ်ဆေးချက်အရ တွေ့ရှိကြပါတယ်။ CT Scan နှင့်စစ်ဆေးကြည့်သောအခါ အူသိမ်အောက်ပိုင်းမှာ ကြက်ဥအရွယ်အစားလောက်ရှိသော သရေကွင်းအမျှင်လေးတွေလို အရမ်းလည်းမမာ အရမ်းလည်းမပျော့တဲ့ အလုံးအကြိတ်တစ်ခုကိုတွေ့ရှိပြီး ခွဲစိတ်ဖယ်ရှားပေးလိုက်ကြပါတယ်။ အဲ့ဒါ ကျောက်တည်တာ မဟုတ်တာတော့ သေချာတယ်လို့ ဆရာဝန်ကဆိုပါတယ်။

လူနာသတိပြန်လည်လာသောအခါ လူနာအား ဘာတွေစားခဲ့လဲလို့ ဓါတ်ပုံနှင့်တကွပြပြီး ဆရာဝန်တွေက မေးမြန်းတယ်။ ထိုအခါ လူနာက တွေဝေချင်းမရှိဘဲ “သင်္ဘောသီးထောင်းကို စားပြီးမဝါးဘဲ ချက်ချင်းမျိုချမိခဲ့ခြင်းကြောင့်”လို့ ချက်ချင်းပြန်ဖြေလိုက်တယ်။

ထို့ကြောင့် အားလုံး အခုလို အဖြစ်မျိုးမဖြစ်ရလေအောင် အစားအစာများကို ကြေညက်အောင် ဝါးပြီးမှစားသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

(ပိုပိုလေး)

 

 

 


13 Jun 2020     2,070 Views




RELATED

Most Popular of Special or Others

Most Popular of Life Style