BEC-TERO TV

အသည်းရောင်အသားဝါ (ဘီ)ပိုး ကာကွယ်ဆေး

14 Jun 2020     1,923 Views


အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးကို မွေးကင်းစအရွယ်မှစ၍ လူတိုင်းထိုးထားသင့်ပါသည်။ ဘီပိုးကာကွယ်ဆေးမထိုးမှီလက်တလောဘီပိုးကူးစက်ခံထားရခြင်း ရှိမရှိသိနိူင်သော HBs Antigen (ဘီပိုးမှပါလာသော အန်တီဂျင်) နှင့် ဘီပိုးကိုခန္ဓာကိုယ်မှ ပြန်လည်တိုက်ထုတ်နိူင်သော HBs Antibody (ကိုယ်ခန္ဓာမှထုတ်သော Antibody) များရှိ၊ မရှိ အရင်စစ်ဆေးရန် အလွန်အရေးကြီးပါသည်။

သဘာ၀အလျောက် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်မှ Antibody ထွက်ပေါ်လာနိူင်ပါသည်။ Antibody ထွက်ပေါ်ပြီးသား လူတစ်ယောက်အနေဖြင့် ကာကွယ်ဆေးထိုးရန် မလိုပါ။ သို့ဖြစ်ပါ၍ HBs Antigen နှင့် HBs Antibody နှစ်မျိုးစလုံး မရှိမှသာလျှင် ကာကွယ်ဆေးထိုးရပါမည်။ အောက်ပါလမ်းညွန်ချက်များကိုကြည့်ပါ။

(1) ကာကွယ်ဆေးမထိုးမှီ B profile (or) B Combo ကိုအရင် စစ်ဆေးရပါမည်။ B profile တွင် HBs Antigen, HBs Antibody, HBe Antigen, HBe Antibody နှင့် HBc Antibody တို့ပါဝင်ပါသည်။

(2) All negative (အားလုံး Negative) ဖြစ်မှသာလျှင် ကာကွယ်ဆေးထိုးရပါမည်။

(3) ကာကွယ်ဆေးထိုးနည်း ပုံစံနှစ်မျိုးရှိပါသည်။ ပုံစံတစ်(0,1,6) နှင့် ပုံစံနှစ်(0,1,2,12) တို့ဖြစ်သည်။

ပုံစံတစ်

0 - ပထမတစ်ချောင်း

1 - တစ်လပြည့်လျင် ဒုတိယ တစ်ချောင်း

6 - ခြောက်လပြည့်လျင် တတိယ တစ်ချောင်း

 

ပုံစံနှစ်

0 - ပထမတစ်ချောင်း

1 - တစ်လပြည့်လျင် ဒုတိယ တစ်ချောင်း

2 - နှစ်လပြည့်လျင် တတိယ တစ်ချောင်း

12 - တစ်နှစ်ပြည့်လျင် စတုတ္ထတစ်ချောင်း

(4) ပုံစံတစ်မှာ ပုံမှန်ကာကွယ်ဆေးထိုးနည်း ပုံစံဖြစ်ပြီး ပုံစံနှစ်မှာ ဘီပိုးခုခံအားစနစ်ကို အလျှင်အမြန် လိုအပ်နေသူများအတွက်ဖြစ်သည်။ (ဥပမာ အိမ်ထောင်ပြုမည့်သူများ၊ နိူင်ငံခြားသွားမည့်သူများ)

(5) ပုံစံတစ်ဖြင့်ထိုးသည်ဖြစ်စေ၊ ပုံစံနှစ်ဖြင့်ထိုးသည်ဖြစ်စေ နောက်ဆုံးကာကွယ်ဆေး ထိုးပြီး တစ်လခွဲပြည့်သည့် နေ့၌ ကာကွယ်ဆေး အောင်မအောင် Antibody ကိုစစ်ဆေးရန် အလွန်အရေးကြီးပါသည်။

(6) Antibody ကိုစစ်ဆေးရာတွင် ပမာဏ ဖြင့်စစ်ဆေးရန်လိုအပ်ပါသည်။ Antibody ပမာဏကိုကြည့်၍ ကာကွယ်ဆေးအောင်မအောင် ဆုံးဖြတ်ရပါသည်။

(7) Antibody ပမာဏ (0 to 9 IU/L) ဆိုလျှင် ကာကွယ်ဆေးမအောင်ဟု သတ်မှတ်ပါသည်။ အစအဆုံး ပြန်ထိုးရပါသည်။

(8) Antibody ပမာဏ (10 to 500 IU/L) ဆိုလျှင် ကာကွယ်ဆေးအောင်သည်ဟု သတ်မှတ်သော်လည်း ပမာဏနည်းသည့် အတွက် နောက်တစ်ချောင်း (Booster Dose) ထိုးရန်လိုအပ်ပါသည်။

(9) Antibody ပမာဏ (500 IU/L) အထက်ရှိလျှင် အပြည့်အဝ အောင်သည်ဟုသတ်မှတ်ပါသည်။

(10) ပုံစံတစ်ဖြင့်ထိုးသည်ဖြစ်စေ၊ ပုံစံနှစ်ဖြင့်ထိုးသည်ဖြစ်စေ နှစ်စဉ်နှစ်တိုင်း Antibody ပမာဏ ကိုပုံမှန်စစ်ဆေး၍ (500 IU/L) အောက်ရောက်နေလျှင် Booster Dose တစ်ချောင်းထိုးရန်လိုအပ်ပါသည်။

 

 


14 Jun 2020     1,923 Views




RELATED

Most Popular of Special or Others

Most Popular of Life Style