BEC-TERO TV

ပရိသတ်ရဲ့အားပေးမှုတွေကြောင့် ရရှိလာတဲ့ အနုပညာကြေး သိန်း (၃၀၀) ဖြင့် မိဘနှစ်ပါးအား ကန်တော့ခဲ့တဲ့ နေဆန်း

17 Jun 2020     2,557 Views


လူမှုကွန်ယက်ဖေ့စ်ဘွတ်မှာ ဟာသဗီဒီယိုလေးတွေတင်ရင်း ပရိသတ်ရဲ့အားပေးမှုရရှိကာ အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်လာတဲ့ နေဆန်းကတော့ သူ့ရဲ့ရိုးသားပွင့်လင်းစွာ ပြောဆိုနေထိုင်တတ်မှုတို့ကြောင့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကို တစ်နေ့ထက်တစ်နေ့ ပိုမိုရရှိလာသူပါ။

နာမည်ကြီးအောင်မြင်လာတာနဲ့အမျှ ကမ်းလှမ်းလာတဲ့အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ရရှိလာတဲ့ အနုပညာကြေးတွေဖြင့် မိဘနှစ်ပါးကိုကျေးဇူးဆပ်လုပ်ကျွေးနေတဲ့ သားလိမ္မာလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ နေဆန်းက ပြီးခဲ့တဲ့ လပိုင်းကလည်း မိဘနှစ်ပါးနေထိုင်ဖို့အတွက် စိတ်ကူးထဲကပုံစံအတိုင်း အိမ်လေးတစ်လုံးဆောက်လုပ်ပေးခဲ့ပါတယ်။ ယခုလည်း ပရိသတ်တွေအားပေးမှုကြောင့် ရရှိလာတဲ့ အနုပညာကြေးများဖြင့် မိဘနှစ်ပါးအား ဦးထိပ်ပန်ဆင်ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

နေဆန်းက အနုပညာလုပ်ငန်းတွေလုပ်ကိုင်လို့ရရှိလာတဲ့ အနုပညာကြေး သိန်း (၃၀၀) ဖြင့် မိဘနှစ်ပါးအားကန်တော့ခဲ့ပြီး နေအိမ်၌ သံဃာတော်များအား အာရုံဆွမ်းကပ်ကာ အလှူတော်ငွေများပါ ကပ်လှူခဲ့တယ်လို့ သိရပါတယ်။

နေဆန်းရဲ့ မိဘနှစ်ပါးအပေါ် ကျေးဇူးဆပ်လိမ္မာသိတတ်ပုံတွေက ပရိသတ်တွေကြား နာမည်ကြီးနေသလို သားလိမ္မာလေးတစ်ယောက်ဖြစ်တဲ့ နေဆန်းကို အားလုံးကလေးစားချစ်ခင်နေကြတာလဲ တွေ့မြင်ရပါတယ်။

(ပိုပိုလေး)


17 Jun 2020     2,557 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment