BEC-TERO TV

သင်ဒီလိုအပြုအမှုမျိုးတွေ လုပ်မိနေပြီလား........ ?

17 Jun 2020     1,980 Views


သင်ဒီလိုအပြုအမှုမျိုးတွေ လုပ်မိနေပြီလား........ ?


မိန်းမ၀၀ကြီးလို့ သင်ခေါ်တဲ့ ကောင်မလေးက နေ့တိုင်း ပိန်ဆေးတွေသောက်နေရပြီး မျက်ရည်တွေနဲ့ လေ့ကျင့်ခန်းဆင်းနေတာသင်မသိဘူး

ရုပ်ဆိုးလိုက်တာလို့ သင်ရယ်မောခဲ့တဲ့ ကောင်မလေးက သူ့ကို လူတွေနှစ်သက်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့နာရီပေါင်းများစွာ သူ့မျက်နှာပေါ် မိတ်ကပ်တွေခြယ်သနေရတာသင်မသိဘူး

လေလွင့်နေတယ်လို့ သင်သတ်မှတ်ထားတဲ့ကောင်လေးက အိမ်အတွက် မဖြစ်မနေ စီးပွား လိုက်ရှာနေရတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာသင်မသိဘူး

မျက်နှာမှာ အမာရွတ်တွေနဲ့လို့ သင်မျက်နှာရှံ့ခဲ့တဲ့လူတစ်ယောက်တိုင်းပြည်အတွက် အသက်စွန့်တိုက်ခိုက်နေရတဲ့လူတစ်ယောက်မှန်း သင်မသိဘူး

အသက်ဆယ့်လေးနှစ်အရွယ်ကောင်မလေးတစ်ယောက် ကလေးအမေဖြစ်နေတာကို “ တော်တော်တဏှာကြီးတာပဲလို့ ” သင်ပြောခဲ့ပေမယ့် သူ ဆယ့်သုံးနှစ်အရွယ်တုန်းက အဓမ္မကျင့်ခံခဲ့ရတာသင်မသိဘူး

သင်နဲ့ရွယ်တူကောင်လေးတစ်ယောက်ငိုနေတာကို သင်ရယ်မောပေမယ့် သူ့မိခင် လတ်တလောဆုံးပါးသွားတာကို သင်မသိဘူး


လူတိုင်းလူတိုင်းမှာ နာကျင်မှုအတိမ်အနက်ဆိုတာ ရှိကြတယ်

လူတိုင်းလူတိုင်းမှာ ဝမ်းနည်းစရာ ငိုကြွေးစရာအကြောင်းတွေရှိကြတယ်

ဒါကြောင့် သင်ပေါ့ပေါ့ပါးပါးရယ်မောလိုက်ဖို့ တစ်ခုအတွက်နဲ့ လူတစ်ဖက်သားရဲ့ နာကျင်စရာအားနည်းချက်ကို ဘယ်တော့မှ မချနင်းမိစေနဲ့။

(ပိုပိုလေး)

 

 


17 Jun 2020     1,980 Views




RELATED

Most Popular of Special or Others

Most Popular of Life Style