BEC-TERO TV

အိပ်မက်တွေထပ်ခါထပ်ခါမက်တတ်တာ စိတ်ဖိစီးမှုတွေကြောင့်လား

17 Jun 2020     1,577 Views


အိပ်မက်ကို မည်သူမဆို မက်ဖူးတယ်။ တခါတရံမှာ ဘာတွေလျှောက်မက်မှန်း မမှတ်မိပေမယ့်၊ တခါတရံကြတော့လည်း အကြောင်းအရာအဆက်အစပ်နှင့် မက်တယ်။ သို့သော် တခါတရံမှာ အကြောင်းအရာတစ်ခုတည်းနှင့် ထပ်ခါထပ်ခါ ပြန်မက်တာမျိုးလည်း ရှိတယ်။ သို့သော်လည်း ကောင်းသောအိပ်မက်မျိုးမက်တာ ကောင်းတာပေါ့၊ ဒါပေမယ့် အိပ်မက်ဆိုးတွေမက်ရင် နောက်တစ်ခါ ထပ်မက်မှာကို စိုးရိမ်စိတ်ကလေးတွေတောင် ဖြစ်သွားတတ်တယ်။ ဒါဟာ ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။

ထပ်ခါတလဲလဲအိပ်မက်တွေဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး၊ အထူးသဖြင့် အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုဖြစ်တာ တွေ့ရတယ်။ ထို့အပြင် အရွယ်ရောက်သူတွေမှာ ၆၀-၇၀ % အထိ ဖြစ်တာ ပိုတွေ့ရပြီး၊ ဒါဟာ စိတ်ဖိစီးမှုကြောင့်၊ ခန္ဓာကိုယ်တွင်း ပြဿနာများကြောင့် ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ယူဆကြတယ်။

စိတ်ဖိစီးမှုနှင့်စိုးရိမ်ကြောင့်ကြမှုများမှ အသိစိတ်၏နက်ရှိုင်းသောအတွင်းပိုင်းတွေဆီက ဖြစ်ပေါ်သော ညတိုင်းနီးပါး ထပ်ခါထပ်ခါမက်တတ်သော အိပ်မက်တွေဟာ များသောအားဖြင့်က မိက်မက်ဆိုးလို့အလွယ်ခေါ်ကြသော မကောင်းသောအကြောင်းအရာအိပ်မက်တွေပဲ အဖြစ်များတယ်။

 

အခြားဖြစ်စေနိုင်သော အကြောင်းရင်းများမှာ -

• စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဓါတ်ကျမှု

စိတ်ဖိစီးမှုသည် လူတိုင်းကြုံတွေ့ရတတ်သော ပြဿနာရပ်တစ်ခုဖြစ်တယ်။ ကျွန်ုပ်တို့ နေ့စဉ်နဲ့အမျှသွားလာလှုပ်ရှားနေသော ဘဝမှာကြုံတွေ့ရသော အခက်အခဲများ၊ အလုပ်ကိစ္စအဆင်မပြေမှုများ၊ ပညာရေးကိစ္စ၊ စိတ်ကိုဖိအားပေးသောကိစ္စရပ်များ ဒါတွေဟာ စိတ်ဖိစီးမှုတွေဖြစ်ပေါ်ခံစားစေတယ်။

• ပြင်းထန်သောစိတ်ထိခိုက်မှုများနှင့် ကြုံတွေ့ရခြင်း (သို့) စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားရခြင်း၊ (PTSD)

ဤရောဂါရှိသည့်လူနာအရေအတွက်မှာ ၇၁% အထိ မြင့်မားတယ်။ အတိတ်က အပြင်းအထန်စိတ်ထိခိုက်မှုဖြစ်ရပ်များကြောင့် သူတို့ရဲ့အသိစိတ်ထဲမှာ ပျောက်ကွယ်မသွားဘဲ စိတ်ကိုစွဲလမ်းသွားစေတာကြောင့် ပြန်ယောင်ပြီး ခဏခဏအိပ်မက်မက်တာ ဖြစ်တယ်။ ဒါဟာ စိတ်ကျရောဂါအဆင့်ထိ နောက်ဆက်တွဲဖြစ်စေနိုင်တယ်။

• ဆေးဝါးအချို့မှီဝဲခြင်း

အချို့ဆေးဝါးများဖြစ်သော အာရုံကြောဆေး၊ သွေးတိုးပျောက်ဆေး အစရှိသောဆေးတို့ဟာ အာရုံကြောစနစ်ကို သက်ရောက်မှုရှိသောကြောင့် ဖြစ်တယ်

• မူးယစ်ဆေးဝါးသုံးစွဲခြင်း

မူးယစ်ဆေးဝါးများသုံးစွဲခြင်း (သို့) ဆေးဖြတ်နေစဉ်ကာလအတွင်း၌ အသိစိတ်ထဲ ပုံရိပ်များ ထင်ယောင်ထင်မှားပြီး အိပ်မက်မက်တာဖြစ်တယ်။

 

ဖြေရှင်းနိုင်သောနည်းလမ်းများ

အိပ်စက်ခြင်းဆိုင်ရာအလေ့အထများကို ပြောင်းလဲပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာ -

• အိပ်ယာမဝင်ခင် ခန္ဓာကိုယ်ကို ဖြေလျှော့ပေးပါ

ညအိပ်ယာမဝင်ချိန် တစ်နေ့တာပင်ပန်းလာသော စိတ်ရောကိုယ်ပါ တောင့်တင်းမှုများကို ဖြေလျှော့ပေးပါ။

• အိပ်ယာဝင်ချိန် စနစ်တကျသတ်မှတ်ပါ

နေ့စဉ်ပုံမှန်အိပ်ယာဝင်ချိန်သတ်မှတ်ပါ။ စိတ်ပေါ့ပေါ့ပါးပါးဖြစ်ပြီး အိပ်လို့ကောင်းအောင် အိပ်ယာမဝင်ခင် စာဖတ်တာ၊ သီချင်းနားထောင်တာ၊ အင်တာနက်သုံးတာ၊ တရားထိုင်တာ ဒါတွေပြုလုပ်ပေးပါ။

• အိပ်ခန်းကို အိပ်စက်ခြင်းနှင့်သင့်လျော်အောင် ပြင်ဆင်ပေးပါ

ခေါင်းအုံး၊ စောင်၊ အိပ်ယာခင်း စသော အိပ်ခန်းအတွင်းရှိပစ္စည်းများကို သင့်ရဲ့အိပ်စက်ခြင်းနှင့် သင့်လျော်အောင် ပြင်ဆင်ခင်းကျင်းပေးပါ။

• အသက်ရှူခြင်း လေ့ကျင့်ပါ

ညဘက် အိပ်မက်ဆိုးမှ လန့်နိုးလာပြီး နောက်တစ်ခါပြန်မက်မှာစိုးရိမ်၍ မျက်လုံးတွေတောင် ပြန်မပိတ်ရဲတဲ့အဖြစ်ဆိုရင် အဆုတ်အတွင်းထိ အသက်ရှည်ရှည်ရှူသွင်း/ထုတ် ပြုလုပ်ပေးပါ။ ဒါဟာ နှလုံးခုန်နှုန်းနှေးကွေးစေပြီး သွေးပေါင်ချိန်ကို လျှော့ချပေးတယ်။

• အိပ်မက်များအကြောင်း ပြောဆိုပါ

အကယ်၍ သင့်အခန်းဖော် (သို့) တစ်စုံတစ်ယောက်နှင့် အိပ်မက်များအကြောင်းကို ပြောဆိုပါ။ ဒါဟာ သူတို့ဆီက နှစ်သိမ့်စကားတွေရပြီး၊ သင့်ရဲ့ စိုးရိမ်စိတ်များကိုလည်း လျှော့ချစေပါတယ်။

(ပိုပိုလေး)

 

 


17 Jun 2020     1,577 Views




RELATED

Most Popular of Special or Others

Most Popular of Life Style