BEC-TERO TV

ဝန်ကြီးများအဖွဲ့စတင်ဖွဲ့စည်းချိန်မှာ သြစတေးလျဝန်ကြီးချုပ်အသစ်ဝေဖန်မှုခံရ

23 Sep 2015     1,296 Views


ကန်ဘာရာက အစိုးရအိမ်တော်မှာ ဝန်ကြီးများအဖွဲ့ကျမ်းကျိန်ချိန်တဲ့တစ်နေ့တည်းမှာပဲ သြစတေးလျဝန်းကြီးချုပ်အသစ် မယ်လ်ကွန် တန်းဘူးလ် ဟာ ဝန်ကြီးတွေခန့််အပ်တာနဲ့ ပတ်သတ်ပြီးဝေဖန်ခံခဲ့ရတယ်လို့ BBC က သတင်းဖော်ပြပါတယ်။ဝန်ကြီးချုပ်ဟောင်း တိုနီအဘော့ကိုထောက်ခံခဲ့သူကို ဝန်ကြီးများအဖွဲ့မှာ မပါဝင်ဘဲ ဝန်ကြီးတာဝန်မထမ်းဆောင်ဖူးတဲ့ လွတ်တော်အမတ်အသစ်တွေ ဝန်ကြီးများအဖွဲ့မှာ ပါဝင်လာတာပါ။ အတိုက်အခံခေါင်းဆောင် ဘေလ် ရှော်တန် ကတော့ မစ္စတာ တန်းဘူးလ်ဟာ သူ့ကိုတောက်ခံသူတွေကိုပဲ ချီးမြှင့်ခဲ့တာလို့ သြစတေးလျ သတင်းမီဒီယာအချို့ကို ပြောကြားပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ဝန်ကြီးများအဖွဲ့မှာသြစတေးလျနိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးကာကွယ်ရေးဝန်ကြီးဖြစ်လာသူ မာစီပိုင်း အပါအဝင် အမျိုးသမီးဝန်ကြီး ၅ ဦးပါဝင်လာပါတယ်။အစိုးရအဖွဲ့ဝင်ဝန်ကြီးအသစ်တွေကိုအရည်အချင်းကြည့်ပြီးရွေးချယ်ထားတာဖြစ်တယ်လို့ မစ္စတာ တန်းဘူးလ်က၀န်ကြီးတွေကျမ်းကျိန်တာမလုပ်ခင်မှာပြောပါတယ်။


23 Sep 2015     1,296 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS