BEC-TERO TV

သူမကလေးတွေရဲ့ဂေဟာလေးကို အောက်လမ်းနဲ့တိုက်သူရှိတဲ့အကြောင်း ပြောပြလာတဲ့ ခိုင်နှင်းဝေ

17 Jun 2020     1,712 Views


ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အများကပါရဟိတမင်းသမီးလို့ ခေါ်တွင်ရလောက်အောင် အနုပညာအလုပ်တွေထက် ပါရဟိတလုပ်ငန်းတွေကိုသာ တစ်စိုက်မတ်မတ်လုပ်ကိုင်နေသူပါ။ သူမဟာ စာနာစိတ်ထား၊ ကူညီသနားတတ်တဲ့ စိတ်ထားတို့ပြည့်၀သူဖြစ်တာကြောင့် ဒုက္ခရောက်နေသူ၊ အကူအညီလိုအပ်သူများတွေ့ရင် လက်မနှေးပဲ လိုအပ်သည်များကို ကူညီပံ့ပိုးပေးတတ်သူပါ။

ဒါ့အပြင် မေတ္တာတရားလည်းကြီးမားတဲ့ ခိုင်နှင်းဝေက မိဘမဲ့ကလေးဂေဟာဆောက်ပြီး ရင်ခွင်မဲ့ကလေးငယ်များကို မွေးမြူစောင့်ရှောက်ထားပါသေးတယ်။ သူမရဲ့ကလေးတွေအပေါ်မှာ မိခင်ရင်းသဖွယ် မေတ္တာဓာတ်တွေပေးပြီး လိုလေသေးမရှိအောင် ကျွေးမွေးစောင့်ရှောက်နေသူပါ။ သို့ပေမယ့် ဘယ်လောက်ကောင်းတာလုပ်လုပ် မနာလိုသူတွေက ပတ်ဝန်းကျင်မှာ အမြဲရှိနေတတ်စမြဲမဟုတ်ပါလား…?

ယခုလည်း ခိုင်နှင်းဝေတစ်ယောက် ပါရဟိတအလုပ်တွေနဲ့ ကုသိုလ်ကောင်းမှုတွေများစွာလုပ်နေသော်လည်း မနာလိုသူတွေရဲ့ အောက်လမ်းနဲ့တိုက်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ သူမကလေးတွေနေထိုင်တဲ့ဂေဟာလေးမှာ အောက်လမ်းပညာနဲ့တိုက်ထားတဲ့ အင်းပြားတွေ တွေ့ရှိခဲ့ရကြောင်းကို ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ယက်ကနေ မျှဝေပြောဆိုထားခဲ့ပါတယ်။

“မနေ့က ကျိုက်မရောဆရာတော်ကြီးထံသို့ သွားရောက်ဖူးမျှော်ရင်း ဂေဟာမှာ အတိုက်အခိုက် အတားအဆီးအနှောက်အယှက်တွေ ရှိနေတယ်လို့ ဆရာတော်ကြီးကမိန့်ကြားပြီး ဂေဟာကိုလာစစ်ပေးဖို့ ဒီနေ့ပဲ ဆရာတော်ကျောင်းက အဘတစ်ယောက်ကို ပင့်ဖိတ်ပြီးစစ်ဆေးကြည့်တော့ အဘက အာရုံပြုကြည့်လိုက်တာနဲ့ ဂေဟာရှေ့က ရွက်လှပင်အောက်မှာရှိတယ်လို့မိန့်တော့ ကျမတို့ ချက်ချင်းဆယ်ယူကြည့်တဲ့အခါ တကယ်ပဲ အင်းပြားတွေ တွေ့လိုက်ပါတယ်ရှင်… အဲဒီအင်းပြားက လူသေကောင်တွေမှာပတ်တဲ့အဝတ်စ ပိတ်ဖြူနဲ့လုပ်ထားတာတဲ့…

ကျမ ကလေးတွေအတွက်တော့ စိတ်ပူမိတယ်… ဘာပဲဖြစ်ဖြစ်ကျမကတော့ အားလုံးကို မေတ္တာထားပါတယ်… ဒီလိုလုပ်တဲ့သူကိုလဲ ကျမ ဒီကနေမေတ္တာပို့လိုက်ပါတယ်ရှင်… စေတနာကောင်းရင် ကံကောင်းမယ်ဆိုတာကျမယုံကြည်ပါတယ်.. ဘယ်အောက်လမ်းနည်းနဲ့ပဲလုပ်လုပ် ကျမရဲ့ သူတပါးပေါ်ထားတဲ့ တကယ့်စေတနာနဲ့ ရိုးသားမူကို စိတ်လုံတဲ့အတွက် ဘာမှမစိုးရိမ်ပါဘူးရှင်” ရေးသားပြောဆိုထားတာ တွေ့ရပါတယ်။

ပရိသတ်ကြီးရေ… လောကကြီးမှာ ဘယ်လောက်ကောင်းတာတွေလုပ်လဲ မနာလိုတစ်စုက ရှိကိုရှိတယ်ဆိုတာ သင်ခန်းစာရမိပါတယ်နော်….

(ပိုပိုလေး)


17 Jun 2020     1,712 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment