BEC-TERO TV

နှစ်ယောက်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ မယ်လိုဒီနှင့် ရေဗက္ကာဝင်း

18 Jun 2020     2,381 Views


ပရိသတ်ကြီးရေ… မနေ့ညအချိန်က သရုပ်ဆောင်မယ်လိုဒီနှင့် အဆိုတော်ရေဗက္ကာဝင်းတို့ကြား လူမှုကွန်ယက်ပေါ်မှာ တစ်ယောက်နှင့်တစ်ယောက် ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာကို အားလုံးပဲကြားသိရမှာပါ။ မယ်လိုဒီတစ်ယောက် သူမရဲ့အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီးသည့်နောက် ပရိသတ်တွေကြား ဝေဖန်ပြောဆိုမှုတွေများစွာထွက်ပေါ်လာခဲ့ပြီး ထိုမှတစ်ဆင့် ယခုလိုရေဗက္ကာနှင့် မယ်လိုဒီတို့ တစ်ယောက်နှင့်တစ်ယောက် ပေါ်တင်ချဲကုန်ကြတဲ့ အဆင့်ထိဖြစ်လာခဲ့တာပါ။

ရေဗက္ကာနှင့် မယ်လိုဒီတို့ကြား ဘာကြောင့်အချင်းများရသည်ဆိုတာကိုတော့ ပရိသတ်တွေလဲ တစ်စွန်းတစ်စကြားမိကြမှာပါ။ ထိုကိစ္စနှင့်ပတ်သက်လို့ ရေဗက္ကာက သူမခင်ပွန်းဟောင်းနှင့် ကွာရှင်းပြီးချိန်မှသာ ၎င်းကိစ္စတွေဖြစ်ကြောင်း အင်တာဗျူးမှာပြောကြားသွားပါသေးတယ်။ လူအများကသိနေပြီကတစ်ကြောင်း၊ သူမလိုအဖြစ်မျိုးနှင့် မကြုံတွေ့ရအောင်ဆိုကာ ရေဗက္ကာမှ ဖြစ်စဉ်အကြောင်းအရာများကို သူမရဲ့လူမှုကွန်ယက်မှာ ရေးသားလာခဲ့ပါတယ်။

 

 

ထို့နောက်မှာတော့ မယ်လိုဒီဘက်မှလည်း တုန့်ပြန်ရေးသားကာ နှစ်ယောက်ကြား တိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်။ မယ်လိုဒီဘက်မှ သူမနှင့် ရေဗက္ကာဝင်းတို့ ပြောဆိုထားခဲ့ကြသည့် Chat Box မှ စာများပါထုတ်ပြခဲ့ပြီး ထိုစာတွေကိုတော့ ပြန်ဖျက်သွားခဲ့တာကိုတွေ့ရပါတယ်။ 

 

 

ရေဗက္ကာနှင့် မယ်လိုဒီတို့ကြား တစ်ယောက်နှင့်တစ်ယောက် ပြောဆိုရေးသားခဲ့မှုများကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးရဲ့အမြင်တွေကိုလည်း မျှဝေပေးသွားကြပါဦး….

(ပိုပိုလေး)


18 Jun 2020     2,381 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS