BEC-TERO TV

မကြာခဏ ဖြစ်လေ့ဖြစ်ထရှိသော ကျန်းမာရေး ပြဿနာများ

18 Jun 2020     1,796 Views


လူအများစု ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။


ခြေထောက် ရောင်ရမ်းခြင်း

ခြေဖဝါးနဲ့ ခြေဖမိုးနေရာတွေမှာ တင်းပြီး ရောင်ရမ်းနေတာမျိုးတွေကို အမျိုးသမီးအများစု ကြုံတွေ့ကြ ရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် သည်တွေ၊ အဝလွန်ကဲသူတွေနဲ့ ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာတော့ အဖြစ် များတတ်ပါတယ်။ နှလုံးသွေးလှည့်ပတ် မှုအားနည်းတဲ့ သူတွေမှာလည်း ခြေထောက် ရောင်တတ်ပါတယ်။ ဖိနပ်အပိတ်တွေ စီးတာနဲ့ အရမ်းကျပ်လွန်းတဲ့ ဖိနပ်တွေကြောင့်လည်း သင့်ခြေထောက်ကို ရောင်ရမ်းစေနိုင်ပါတယ်။

 

အရေပြားခြောက်သွေ့ခြင်း

လူတိုင်းလိုလို ကြုံတွေ့ကြရတတ်တဲ့ ပြဿနာပါပဲ။ ဆောင်းတွင်းလေကြောင့် ဖြစ်တတ်သလို ပူလွန်းတဲ့ရေနဲ့ ချိုးမိချိန် မျိုးမှာလည်း အရေပြားခြောက်သွေ့ တတ်ပါတယ်။ ထိခိုက်လွယ်တဲ့အရေ ပြားပိုင်ရှင်တွေမှာ အရေပြားခြောက်သွေ့ မှုပိုပြီး ဖြစ်ပေါ်တတ်ပါတယ်။ အာဟာရ ပြည့်ဝစွာ စားသောက်မှုနည်းတာ၊ ရေ သောက်နည်းတာ၊ ဆီးချိုသွေးချိုရောဂါ ရှိတာတွေက ရေဓာတ် ခန်းခြောက်မှုကို ဖြစ်စေပါတယ်။ နှလုံးသွေးကြောကျဉ်းသူ တွေမှာ ခြေဖဝါး၊ ခြေထောက်နဲ့ လက် ချောင်းလေးတွေ ခြောက်သွေ့နေတတ် ပါတယ်။ အရေပြားဆီကို အောက်ဆီဂျင် ရရှိမှုနည်းပြီး အရေပြား ခြောက်သွေ့ကာ တောက်ပမှု ကင်းလာတတ်ပါတယ်။


 

မျက်လုံးဝါခြင်း

မျက်လုံးဆိုတာ သင့်ကျန်းမာရေးကို ဖော်ပြတဲ့ ပြတင်းပေါက်တစ်ခုပါပဲ။ မျက်လုံး အရောင်ပြောင်းတာက တခြားကျန်း မာရေးပြဿနာ တစ်ခုခုနဲ့ ဆက်စပ်နေနိုင် ပါတယ်။ မျက်လုံးဝါတာက အသည်းရောဂါ တွေနဲ့လည်း ဆက်စပ်မှုရှိ တာကြောင့် မျက်လုံး တွေဝါတာနဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင် သင့်ပါတယ်။


 

အရေပြားတွန့်လာခြင်း

အသက်အရွယ်ကြီးလာလို့ အရေ ပြားမှာ အရေးကြောင်းပေါ်တာက ပုံမှန် ပါပဲ။ အရွယ်မတိုင်ခင် တွန့်တတ်တဲ့ အရေ ပြားကတော့ အမျိုးသမီးအများစုဟာ အရိုးပွရောဂါကြောင့် အဖြစ်များပါတယ်။ အခြေခံအရိုးတည်ဆောက်မှုတွေ ပျက်စီး လာတဲ့အနေအထားပါ။ ဆေးလိပ်သောက် တဲ့အမျိုးသမီးတွေနဲ့ နေရောင်ခြည် ဒဏ်ခံရတဲ့ အမျိုးသမီး အများစုမှာလည်း အရေပြားတွေ တွန့်နေတတ်ပါတယ်။


 

ဆံပင်ကျွတ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်၊ စိတ်ဖိစီးမှုများချိန်၊ စိတ်ဓာတ်ကျချိန်၊ ဆေးကုသမှု ခံယူနေချိန်၊ ဟော်မုန်းပြောင်းလဲ ချိန်တွေမှာ ဆံပင်အများဆုံး ကျွတ်တတ်ပါတယ်။ သိုင်းရွိုက်ရောဂါ တွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။


 

မျက်နှာအရေပြား နီမြန်းခြင်း

နေပူထဲ ထွက်တာကြောင့်ဖြစ်တတ် သလို တချို့တွေမှာ ဘာကြောင့်မှန်း မသိဘဲ မျက်နှာပြင် အထူးသဖြင့် ပါး၊ နဖူး နဲ့ နှာခေါင်းလိုနေရာတွေမှာ နီရဲနေတတ် ကြပါတယ်။ ဝက်ခြံနဲ့ အရေပြားပါးလွှာ တာကြောင့် မျက်နှာပြင်နီရဲနေတတ်ပါ တယ်။ ပူစပ်တဲ့ အစားအစာနဲ့ ဓာတ်မတည့် တဲ့ မျက်နှာလိမ်း ပစ္စည်းတွေကို ရှောင်ပါ။


 

ခံတွင်းရနံ့ဆိုးခြင်း

ခံတွင်း ကျန်းမာရေးဆိုင်ရာ ပြဿနာ တွေကြောင့်ဖြစ်တတ်သလို အစာခြေစနစ် မကောင်းတာကြောင့်လည်း ခံတွင်း အနံ့ဆိုးထွက်စေပါတယ်။ ခံတွင်းနဲ့ပတ် သက်တဲ့ကျန်းမာရေး ပြဿနာတွေက နှလုံးရောဂါနဲ့လည်း ဆက်စပ်မှုရှိ တာကြောင့် သွားကျန်းမာရေးကို အထူးဂရုစိုက်သင့် ပါတယ်။ သွားဆရာဝန်နဲ့ တိုင်ပင်ပြီး ခံတွင်းစစ်ဆေးမှုကို ပုံမှန်ပြုလုပ်သင့်ပါတယ်။


 

လက်သည်းကွဲအက်ခြင်း

လက်သည်းတွေကွဲအက်တာက လည်း တခြားကျန်းမာရေး ပြဿနာတွေ များစွာဖြစ်နိုင်ပါတယ်။ ဓာတုဗေဒပစ္စည်းပါဝင် တဲ့ ကုန်ပစ္စည်းတွေကို နေ့စဉ်ကိုင်တွယ် ပြီး အလုပ်လုပ်နေရသူတွေ၊ လက်သည်းကို အချိန်မကြာခဏဆိုသလို ပြင်ဆင် တတ်သူတွေနဲ့ ရေကိုင်များသူတွေမှာ လက်သည်းပျက်စီးတတ်ပါတယ်။ တခြား ကျန်းမာရေးပြဿနာတွေအနေနဲ့ ရိုးဆစ် ရောင်ရောဂါ၊ မျိုးရိုးလိုက်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ အာဟာရချို့တဲ့မှုတွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

 


18 Jun 2020     1,796 Views




RELATED

Most Popular of Special or Others

Most Popular of Life Style