BEC-TERO TV

သမီးလေးရဲ့ (၁) လပြည့်မွေးနေ့တုန်းက ပုံလေးတွေကို ပြန်လည်ဝေမျှခဲ့တဲ့ အာဇာနည်

19 Jun 2020     2,148 Views


အနုပညာဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ အာဇာနည်ကတော့ ဇနီးချောလေး ဝမ်းနဲ့အတူ သားလေးနှစ်ယောက်အပြင် သမီးငယ်လေးကိုပါ ထပ်မံပိုင်ဆိုင်ကာ ပြီးပြည့်စုံတဲ့မိသားစုဘ၀လေးကို ရရှိသွားပြီဖြစ်ပါတယ်။

သမီးလေးလိုချင်နေတဲ့ အာဇာနည်အတွက် ဇနီးဖြစ်သူဝမ်းက ပြီးခဲ့သည့်လက သမီးငယ်လေးကို အောင်မြင်စွာ မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။ မေလ ၁၄ ရက်နေ့က လူ့လောကကြီးထဲကို ရောက်ရှိလာတဲ့ အာဇာနည်ရဲ့သမီးလေးဟာ (၁) လပြည့်သွားခဲ့ပါပြီ။

အာဇာနည်ကတော့ သမီးငယ်လေးရဲ့ (၁) လပြည့်မှာ မိသားစုတွေစုပြီး မွေးနေ့ပွဲလေးပြုလုပ်ကာ အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးခဲ့ပါတယ်။ သမီးငယ်လေးရဲ့ ၁ လပြည့်မွေးနေ့က ပုံရိပ်လေးတွေကို ပရိသတ်ကြီးတွေ့မြင်နိုင်ဖို့ အာဇာနည်က သူ့ရဲ့လူမှုကွန်ယက်ကနေ မျှဝေပေးလာတာဖြစ်ပါတယ်။

သမီးလေး၊ သားလေးတွေနဲ့ ချစ်စရာကောင်းတဲ့မိသားစုလေးပါနော်….

(ပိုပိုလေး)


19 Jun 2020     2,148 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment