BEC-TERO TV

ကွယ်လွန်သွားတဲ့ မင်းသွေးရဲ့မွေးနေ့အတွက်ရည်စူးကာ ရခိုင်စစ်ဘေးရှောင်များအတွက် အိမ် ၁၅ လုံးလှူဒါန်းပေး

22 Jun 2020     1,902 Views


ပရိသတ်ကြီးရေ… မနေ့က ဇွန်လ ၂၁ ရက်နေ့ကတော့ ရုတ်တရက်နှလုံးအမောဖောက်ပြီး ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်အကယ်ဒမီ နေတိုးရဲ့ညီဖြစ်သူ သရုပ်ဆောင်မင်းသွေးရဲ့ (၃၅) နှစ်ပြည့် မွေးနေ့လို့သိရပါတယ်။

ဘ၀တစ်ပါးသို့ကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့ မင်းသွေးရဲ့မွေးနေ့အတွက်ရည်စူးကာ အစ်ကိုဖြစ်သူနေတိုးနှင့် မိသားစုတွေက ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် နားခိုရန် နေအိမ် (၁၅) လုံးကို ကုသိုလ်ပြုလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

အကယ်ဒမီနေတိုးနှင့် မိသားစုတွေက မင်းသွေးရဲ့မွေးနေ့အလှူအဖြစ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ဖို့အတွက် တဲအိမ် (၁၅) လုံးဆောက်ရန် ငွေကျပ် (၂၂၇၅၀၀၀) ကို လှူဒါန်းပေးခဲ့ကြပါတယ်။

မင်းသွေးဟာဆိုရင် ခင်မင်သူမိတ်ဆွေအပေါင်းအသင်းများနှင့် အပျော်တမ်းဘောလုံးကန်ရာမှ ရုတ်တရက်နှလုံးအမောဖောက်ကာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့ကဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင် မင်းသွေးဆုံးပါးသွားခဲ့တာဟာ တစ်နှစ်နဲ့ရှစ်လကျော်ရှိသွားပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း ယနေ့ချိန်ထိတိုင် ပရိသတ်တွေက သတိတရရှိနေကြဆဲပါ။

ဘ၀တစ်ပါးသို့ကူးပြောင်းသွားခဲ့တဲ့ မင်းသွေးတစ်ယောက် မိသားစုများမှပြုလုပ်ပေးတဲ့ကုသိုလ်များ ရပါစေသား…

(ပိုပိုလေး)


22 Jun 2020     1,902 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment