BEC-TERO TV

ယူကရိန်းတွင် အထပ်မြင့်တိုက်ခန်းတခု ဓာတ်ငွေ့ ပေါက်ကွဲ

22 Jun 2020     1,549 Views


ယူကရိန်းတွင် အထပ်မြင့်တိုက်ခန်းတခု ဓာတ်ငွေ့ ပေါက်ကွဲ၊ ၂ ဦးထက်မနည်းသေဆုံ ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်က အထပ်မြင့်တိုက်ခန်းတွဲတခုမှာ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်လို့ လူ ၂ ဦးထက်မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေးသမားတွေက ဇွန် ၂၁ ရက်မှာ ပြောခဲ့ပါတယ်။ ကိုးထပ်အဆောက်အအုံရဲ့ အထပ်လေးထပ် ပျက်စီးခဲ့ပြီး အပျက်အစီးတွေ အောက်မှာ လူအတော်များများ ပိတ်မိနေနိုင်တယ်လို့ အစိုးရအရေးပေါ်ဌာနက ကြေညာချက် ထုတ်ပြန်ပါ တယ်။ နေထိုင်သူ ၂၁ ယောက်ကို အဆောက်အအုံကနေ ဘေးကင်းရာ ရွှေ့ထားပြီးပြီ ဖြစ်ပြီး အထဲမှာ လူဘယ်လောက် ကျန်သေးလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူးလို့ ပြောထားပါတယ် ။ Source from DVB #popolay #popolaytv #news


22 Jun 2020     1,549 Views




RELATED

Most Popular of International News

Most Popular of NEWS