BEC-TERO TV

ချင်းပြည်နယ် မတူပီမြို့မှာ မဟာဓာတ်အားလိုင်း စတင်ရရှိ

23 Jun 2020     1,736 Views


ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့မှာ လျှပ်စစ်မဟာဓာတ်အားလိုင်း 66 KV ကို ဇွန်လ ၂၁ ရက် မနေ့က စတင်ရရှိနေပါပြီ။ မြို့ပေါ်က အိမ်ခြေ ၁၃၀၀ ကျော်အတွက် လျှပ်စစ်မီးစတင်သုံးစွဲနိုင်ပြီဖြစ်ပြီး ဓာတ်အားခွဲရုံတွေ ဆောက်လုပ်ပြီးစီးရင် မြို့ပေါ်ကနေ ၁၀ မိုင်ပတ်ဝန်းကျင်က ကျေးရွာတွေမှာလည်း လျှပ်စစ်မီးရနိုင်မယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ လျှပ်စစ်နဲ့စည်ပင် ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ တီးတိန်၊ တွန်းဇန်နဲ့ ပလက်ဝမြို့နယ်တွေကို မဟာဓာတ်အား လိုင်းရရှိအောင် ပြည်ထောင်စုဝန်ကြီးဌာ၊ ဂျပန် နိုင်ငံဂျက်ကာနဲ့ စီမံစီပွားရေး ဝန်ကြီးဌာနတို့နဲ့ နားလည်မှုစာချွန်လွှာ MOU ထိုးပြီး ဖြစ်ကြောင်း နိုင်ငံတကာကို တင်ဒါခေါ်ပြီးဆက်လုပ်မှာဖြစ်လို လာမဲ့နှစ်မှာ ရနိင်မှာဖြစ်ကြောင်း သူက ပြောပါတယ်။ လက်ရှိမှာ မတူပီမြို့အပါအဝင် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ခိုင်ကမ်း စတဲ့ မြို့နယ် တွေမှာတော့ မဟာဓာတ်အားလိုင်းရရှိနေပြီ ဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းမရသေးတဲ့ တီးတိန်မြို့၊ တွန်းဇန်မြို့တို့မှာ ရေအားလျှပ်စစ်ကို အလှည့်ကျစနစ် အသုံးပြု နေရတာဖြစ်ပြီး ပလက်ဝမြို့နယ်မှာတော့ ရေအားလျှပ်စစ်မရှိတာကြောင့် မီးစက်မောင်းပြီး တစ်နေ့ကို ၃ နာရီ လောက်ဘဲ မီးရတယ်လို့ ပြောပါတယ်။ Photo: ချင်းပြည်နယ်အစိုးရ #popolay #popolaytv #news #Chin


23 Jun 2020     1,736 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS