BEC-TERO TV

ဇူလိုင်လအတွင်း ကြော်ငြာရိုက်ကူးမှုတွေပြန်စနိုင်ဖို့ ရုပ်ရှင်အစည်းအရုံးက စီစဉ်နေ

23 Jun 2020     1,452 Views


အနုပညာလောကသားတွေ အားလုံး ဇူလိုင်လအတွင်းမှာ ကြော်ငြာရိုက်ကူးမှုတွေ ပြန်လည်လုပ် ဆောင်နိုင်ဖို့အတွက် အစည်းအရုံးက စီစဉ်ဆောင်ရွက်နေတယ်လို့ အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ဆိုပါတယ်။ ရိုက်ကူးရေးတွေ လုပ်မယ့်အချိန်မှာလည်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတယ်လို့ သူက ပြောပါတယ်။ “ဒီလကုန်ရင် Lock Down ဖြည်မယ်ဆိုတော့ ဇူလိုင်ဆိုရင် ရိုက်လို့ရမှာကတော့ ကြော်ငြာပါပဲ။ အခုဆိုရင် ကြော်ငြာက (၁၅) ခုရှိတယ်။ ဇာတ်လမ်းတွဲက ၃ ခု၊ ၄ ခုလောက်ရှိတယ်၊ ရုပ်ရှင်ကတည်း တစ်ကားရှိတယ်။ ရိုက်ကူးချင်တဲ့ သူတွေကို ဇွန်လ (၂၅) ရက်နေ့မှာ တွေ့ကြပြီး စည်းကမ်းချက်တွေ လုပ်ကြမယ်။ ရိုက်ကူးရင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြဌာန်းထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရိုက်ရမယ်။ ရိုက်ကူးပါ့မယ်ဆိုတာကိုလည်း ဝန်ခံ ကတိပြုရမယ်။ နောက်ဆက်တွဲဖြစ်လာမယ့် ကိစ္စအဝဝကိုလည်း တာဝန်ယူပါ့မယ်ဆိုပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ရိုက်ရမယ်။ ရုပ်ရှင်အစည်းအရုံး အနေနဲ့ ကိုယ့်လောကသားတွေရဲ့ စားဝတ်နေရေး အဆင်ပြေအောင် တတ်နိုင်သလောက် ကူညီတာပါ”လို့ သူကပြောပါတယ်။ ကြော်ငြာရိုက်ကူးမှုတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးမယ်ဆိုပါက ချမှတ်ထားတဲ့ စည်းမျဥ််စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ ဥက္ကဌကဆိုပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးမှာ လူဦးရေ များတာကြောင့်လည်း တာဝန်ကြီးနိုင်တယ်လို့ သူကဆက်လက်ပြောပြခဲ့ပါတယ်။ ကြော်ငြာက ၁၄ ယောက်၊ ၁၅ ယောက်နဲ့ ရိုက်လို့ရတယ်။ ရုပ်ရှင်က လူ ၆၀၊ ၇၀ လောက်အထိရှိတယ်။ တစ်ခုခုဖြစ်ရင် လိုက်ဖို့ကလည်း ခက်တယ်။ အစည်းအရုံးကလည်း ဇူလိုင်လောက် အထိပဲ ပံ့ပိုးပေးနိုင်မှာ သြဂုတ်လ လောက်ကစပြီး ကိုယ့်ဘာသာကိုယ် ရုန်းရတော့မှာ။ ဒါကြောင့် လောကသားတွေကိုယ်တိုင်ကလည်း စည်းမျဉ်း စည်းကမ်းတွေကို လေ့လာကြဖို့၊ ဘာပဲပြောပြော ဒုတိယအကြိမ် ဆိုတာ မဖြစ်လာအောင် အတတ်နိုင်ဆုံးတော့ သတိထားသင့်တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ အနုပညာလောကသားတွေ အားလုံးဟာ ၂၀၂၀ ခုနှစ် မတ်လ အတွင်းက စပြီး COVID-19 ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ရေးအတွက် ကြော်ငြာရိုက်ကူးရေး၊ ဇာတ်ကားရိုက်ကူးရေးတွေ နားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ လောကသားတွေအတွက် နာမည်ကျော်သရုပ်ဆောင်များ ကလည်း စားနပ်ရိက္ခာတွေအပြင် ငွေကြေးထောက်ပံ့မှုတွေလည်း လုပ်ခဲ့ကြပါတယ်။ #popolay #popolaytv #news

23 Jun 2020     1,452 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS