BEC-TERO TV

ခြေလက်တွေလှုပ်ရှားလို့ရသည်အထိ ကျန်းမာရေးပိုမိုကောင်းမွန်လာပြီဖြစ်တဲ့ ဦးမန်းဝင်း

23 Jun 2020     1,387 Views


ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ပြီး ဆေးရုံတက်ခွဲစိတ်ကုသရာမှ စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေသို့ရောက်ရှိကာ မိသားစုဝင်များနှင့် ခင်မင်ရင်းနှီးကြသူများက နောက်ဆုံးအချိန်ရောက်ပြီလို့တောင် ထင်မှတ်ထားခဲ့ကြရတဲ့ ဟာသလူရွှင်တော်ဦးမန်းဝင်းဟာဆိုရင် ပြီးခဲ့တဲ့အပတ်က မျက်လုံးပွင့် သတိပြန်လည်လာတာကို တွေ့မြင်ရပါတယ်။

အားလုံးက စိုးရိမ်နေတဲ့ကြားမှ ကျန်းမာရေးပြန်ကောင်းလာတဲ့ ဦးမန်းဝင်းဟာဆိုရင် ခြေတွေလက်တွေလှုပ်ရှားလို့ရသည်အထိ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီလို့ သိရပါတယ်။ ဦးနှောက်ခွဲစိတ်မှု (၂) ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့ရပေမယ့် မှတ်ဉာဏ်တွေပျောက်ဆုံးမသွားပဲ ပုံမှန်အတိုင်းအသိစိတ်လေးရှိနေတယ်လို့လည်း သမီးဖြစ်သူများကပြောကြားထားပါတယ်။

ခွဲစိတ်မှုပြုလုပ်ပြီး (၁၅) ရက်ကြာလောက်ထိ နှလုံးခုန်သံမှလွဲ၍ မလှုပ်မရှားသတိမေ့မျောနေခဲ့တဲ့ ဦးမန်းဝင်းဟာ မိသားစုရဲ့လက်မလျော့သော ဂရုစိုက်မှု၊ အားလုံးရဲ့ဆုတောင်းမေတ္တာများကြောင့် သတိပြန်လည်လာခဲ့ပြီး ယခုဆိုရင် ခြေတွေ၊လက်တွေလှုပ်ရှားလို့ရတဲ့အထိ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ပါတယ်။ သို့ပေမယ့် လည်ပင်းဖောက်ထားတာကြောင့် စကားတော့ပြန်ပြောနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အဆိုးဆုံးအခြေအနေကနေ လွတ်မြောက်လာတဲ့ ဦးမန်းဝင်းအတွက် မိသားစုနှင့်ထပ်တူ ဝမ်းသာပျော်ရွှင်မိသလို ဦးမန်းဝင်းတစ်ယောက် ကျန်းမာရေးအခြေအနေ ဒီထက်ပိုကောင်းမွန်လာစေဖို့ ဆုတောင်းပေးလိုက်ရပါတယ်။

 


23 Jun 2020     1,387 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment