BEC-TERO TV

အင်အား ၇.၅ ရှိ မြေငလျင်ကြီးတစ်ခု မက္ကဆီကိုတွင် လှုပ်ရှားခဲ့ရာ သေဆုံးမှုများနှင့်ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့

24 Jun 2020     1,814 Views


ဇွန်လ ၂၃ ရက်နေ့တွင် မက္ကဆီကိုနိုင်ငံတောင်ပိုင်းရှိ အွာဆာကာပြည်နယ် မြေအောက် ၂၆.၃ ကီလိုမီတာနေရာတစ်ခုကို ဗဟိုပြု၍ ရစ်ချ်တာစကေး အင်အား ၇.၅ ရှိ မြေငလျင်ကြီးတစ်ခု၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲခန့်က(မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်) လှုပ်ရှားသွားခဲ့ရာ လက်ရှိသိရသမျှ ယောင်္ကျားလေး ကလေးငယ်တစ်ဦးအပါအဝင် လူ ၅ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိကာ ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရသည်။ သို့ရာတွင် အကြီးအကျယ်ပျက်စီးမှုများတော့ မရှိကြောင်း မက္ကဆီကို သမ္မတ မန်နျူယယ်လ်လိုပက်ဇ်က ပြောကြားသည်။ ယင်းငလျင်ကြောင့် မက္ကဆီကို၊ ဂွာတီမာလာ၊ အယ်လ်ဆာဗေးဒိုးနှင့် ဟွန်ဒူးရပ်စ်တို့တွင် ဆူနာမီသတိပေးချက်များ ပေါ်ပေါက်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူတို့က ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။ ယခုမြေငလျင်လှုပ်သွားသည့် အွာဆာကာပြည်နယ်သည် ဒေသထွက် ကော်ဖီကြောင့် ကမ္ဘာတွင် ထင်ရှားသည်။ မက္ကဆီကိုနိုင်ငံတစ်ဝန်းတွင် COVID-19 ကူးစက်မှုမှာလည်း မြင့်မားနေဆဲဖြစ်ကာ ပြီးခဲ့သည့် ၂၄ နာရီအတွင်းက အတည်ပြုလူနာသစ် ၄၅၇၇ ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး၊ ထပ်မံသေဆုံးသူ ၇၅၉ ဦးအထိရှိခဲ့သည်။ ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၈၅၁၂၂ ဦးရှိပြီဖြစ်ပြီး၊ သက်သာပျောက်ကင်းသူ ၁၄၀၁၁၈ ဦးရှိကာ၊ သေဆုံးသူ စုစုပေါင်း ၂၂၅၈၄ ဦးရှိကြောင်းသိရသည်။ Credit: #popolay #popolaytv #international #news

24 Jun 2020     1,814 Views




RELATED

Most Popular of International News

Most Popular of NEWS