BEC-TERO TV

အင်တာနက်ဖြတ်တောက်မှု ဆန္ဒပြသူ ငါးဦးကို ရဲစခန်းကဆင့်ခေါ်

24 Jun 2020     1,652 Views


ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတွင် အင်တာနက်ဖြတ်တောက်ထားမှု တစ်နှစ်ပြည့်သည့် ဇွန်လ ၂၁ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြသူများအနက်မှ ငါးဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူရန် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ရဲစခန်းက ဇွန်လ ၂၂ရက်နေ့နေ့စွဲဖြင့် ဆင့်ခေါ်လိုက်ပါတယ်။ ဆင့်ခေါ်ခံရသူများမှာ အသံအဖွဲ့က စည်သူအောင်(ခေါ်) မောင်ဆောင်းခပါ ငါးဦးဖြစ်ပါတယ်။ အလားတူ အွန်လိုင်းလှုပ်ရှားမှုမှာပါဝင်သူ ရမ်းဗြဲမြို့က လူငယ်တစ်ဦးလည်း ရမ်းဗြဲမြို့မှာ အရေးယူခံရတယ်လို့ အသံအဖွဲ့က ပြောပါတယ်။ အရေးယူခံရသူတွေဟာ ရခိုင်အခြေစိုက် အရပ်အဘက်အဖွဲ့များနဲ့ အသံအဖွဲ့တို့က ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းဆန္ဒပြပွဲပြုလုပ်ခဲ့သလို ဇွန်လ ၂၁ရက်နေ့က ရန်ကုန်မြို့ဆူးလေ ကုန်းတံတားပေါ်မှာ ပိုစတာများ ပိတ်စများမှာ ကန့်ကွက်စာတွေ ရေးသားဆန္ဒထုတ် ဖေါ်ခဲ့တာဖြစ်ပါတယ်။ Credit #popolay #popolaytv #news

24 Jun 2020     1,652 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS