BEC-TERO TV

သံစဉ်မောင်မှ နေဒွေးအားစွဲဆိုထားသည့်အမှုအား ကျေအေးရုတ်သိမ်းပေးလိုက်ပြီဖြစ်

24 Jun 2020     2,145 Views


နာကျင်စေမှုပုဒ်မ (၃၂၃) ၊ ကာမလိမ်လည်မှုပုဒ်မ (၄၁၇)၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) တို့ဖြင့် အမှုဖွင့်တရားစွဲထားသည့် သရုပ်ဆောင်နေဒွေးအား တရားလိုဖြစ်သူ မော်ဒယ် သံစဉ်မောင်မှ မနေ့ကဇွန်လ ၂၃ ရက်နေ့က တာမွေမြို့နယ်တရားရုံးတွင် အမှုကို ကျေအေးပိတ်သိမ်းပေးလိုက်ပြီလို့ သိရပါတယ်။

နှစ်ယောက်ကြားဖြစ်နေတဲ့ပြဿနာများကို ဆရာဖြစ်သူဂျွန်လွင်မှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး အချင်းချင်းပြေလည်မှုရယူကာ ယခုလိုအမှုကို ကျေအေးရုတ်သိမ်းပေးလိုက်တာလည်းဖြစ်ပါတယ်။

အမှုကိုကျေအေးရုတ်သိမ်းပေးလိုက်တဲ့အပေါ်မှာတော့ သံစဉ်မောင်က “သူကခွင့်လွှတ်ခြင်းနဲ့ထိုက်တန်လို့မဟုတ်ဘူး၊ ညီမက ငြိမ်းချမ်းခြင်းနဲ့ထိုက်တန်လို့ပါ။ အမှုကိုပိတ်လိုက်ပေမယ့် ရင်ထဲကဒဏ်ရာကတော့ မကျက်သေးဘူး။ ညီမ ရင်ထဲမှာတော့ အဆဲခံ၊ အပြောခံရတဲ့ဒဏ်ရာတွေက မကျက်ဘူး။ ရှေ့လျောက် ဒီအမည်းစက်ကြီးနဲ့ဖြတ်သန်းသွားရမှာ”… လို့ဆိုပါတယ်။

ဒါ့အပြင် သံစဉ်မောင်က နှစ်ယောက်ကြားက ကိစ္စတွေကိုအပြီးသတ်လိုက်ပြီမို့ သူမအပေါ်ထိခိုက်နစ်နာစေမယ့် စကားလုံးတွေသုံးနှုန်းပြီး ပြောဆိုနေကြသည်များ ထပ်မံမပြုလုပ်တော့ရန်လည်း အနူးအညွတ်မေတ္တာရပ်ခံထားပါတယ်။

(ပိုပိုလေး)


24 Jun 2020     2,145 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS