BEC-TERO TV

ကိုဗစ်ကာလအတွင်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် အလှူရှင်များလာရောက် အစာကျွေး

25 Jun 2020     1,580 Views


ကိုဗစ်-၁၉ ကာလ ပိတ်ထားတဲ့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) က တိရစ္ဆာန် အကောင် ၁၂၀၀ လောက်အတွက် အစာကို မန္တလေးမြို့ပေါ်က အလှူရှင်တွေ လာရောက် လှူဒါန်းကျွေးမွေးနေကြတယ်လို့ သိရပါတယ်။ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)ရဲ့ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်အောင် “သတ္တဝါ အားလုံးက စုစုပေါင်း မျိုးစိတ်ပေါင်းက ၁၀၁ မျိုးနဲ့ ၁၁၉၈ ရှိပါတယ်။ အားလုံးကို တစ်ရက်စာကျွေးမယ်ဆိုရင်တော့ စုစုပေါင်းငါးသိန်းကျပ် ကျပါတယ်။ တစ်ချို့ကလည်း ငါးသိန်းလှူတာ၊ တချို့ကလည်း တစ်သိန်းလှူတယ် လှူချင်သလောက်ပေါ့နော်။ နှစ်ပိုင်းပေါ့နော် တချို့က ငွေလှူတဲ့အပိုင်းနဲ့ တချို့က အစာဝယ်လာတဲ့အတိုင်း ကျနော်တို့က သီးသန့်အစာမပေးပါဘူး၊ သူတို့ကျွေးချင်တဲ့အစာကို ဝယ်လာလို့ရတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ ကျွေးနေကြ အစာကိုပဲ သူတို့ ငွေသွင်းပြီးတော့ လှူပြီး ကျွေးလို့ရပါတယ်” လို့ ပြောပါတယ်။ တိရစ္ဆာန်အစာ လာရောက်လှူဒါန်းတဲ့ မမျိုးမျိုးကိုက “ဒီကာလ တိရစ္ဆာန်ဥယျာဉ်တွေလည်း ပိတ်ထားတယ်ဆိုတော့လေ လူဝင်မရှိဘူးဆိုတော့ တိရစ္ဆာန်တွေ ခုချိန်မှာ ကျွေးတော့ အေးအေးဆေးဆေးလည်း ကျွေးရတယ်၊ နောက် သူတို့ ဒီလိုချိန်မှာ ကျွေးရတော့ ဝမ်းသာမိပါတယ်” လို့ ပြောပါတယ်။ လတ်တလောမှာ ဇွန်လကုန်အထိ တိရစ္ဆာန်အစာအတွက် အလှူရှင် အမည်ပေးထားသည့် စာရင်းပြည့်နေပြီဖြစ်တာကြောင့် ဇူလိုင်လအတွက်လည်း လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ကိုဗစ်ကာလ ဥယျာဉ်ပိတ်ထားချိန်အတွင်း ၁ ရက်ကို အလှူရှင် နှစ်ဖွဲ့အထိ လက်ခံပေးနေပေမယ့် ဥယျာဉ် ပြန်လည်ဖွင့်မယ့်အချိန်မှာ အလှူရှင်တဦးသာ လက်ခံမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာလ ဥယျာဉ် ပိတ်ထားချိန်မှာ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။ Credit : ထိန်ထိန်လင်း #popolay #popolaytv #news #Yadanabon #Zoo

25 Jun 2020     1,580 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS