BEC-TERO TV

ဘီယာ ၁၀ ဗူးကျော်သောက်ပြီး ၁၈ နာရီကြာဆီးအောင့်၍ ဆီးအိမ်ပေါက်သွားတဲ့အမျိုးသား

26 Jun 2020     1,945 Views


အသက် ၄၀ အရွယ်တရုတ်အမျိုးသားတစ်ဦးတွင် ဘော်ဒါတွေနှင့်အတူသောက်စားပြီး ဘီယာ ၁၀ ဗူးကျော်သောက်ပြီးနောက် အပေါ့အပါးမသွားဘဲ တန်းအိပ်ပျော်သွားကာ ဆီးအောင့်ခဲ့တဲ့ကြာချိန်စုစုပေါင်း ၁၈ နာရီခန့်ကြာသွား၍ ဆီးအိမ်ပေါက်ပြဲသွားတဲ့ အဖြစ်ဆိုး။ ဘီယာသောက်ပြီး နောက်တစ်နေ့ ညနေစောင်း နိုးထလာသောအချိန်တွင် မခံမရပ်နိုင်လောက်အောင် ဗိုက်အရမ်းနာလွန်းပြီး ဆေးရုံအမြန်ပို့လိုက်ရတယ်။

ဆေးရုံသို့ရောက်သော် ဗိုက်တွေအလွန်နာ၍ ခန္ဓာကိုယ်တည့်တည့်မမတ်နိုင်တော့ဘဲ လူးလဲနေရတယ်။ ဆီးသွားရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ထို့နောက် ဆရာဝန်များသည် လူနာကို CT scan စစ်ဆေးကြည့်လိုက်တဲ့အခါ ဆီးအိမ်မှာ အပေါက် ၃ ပေါက် ပေါက်ပြဲနေတာကို တွေ့ရှိသွားတယ်။

တစ်ပေါက်က ဝမ်းဗိုက်အထိပွင့်ပြီး အူတချို့ကတော့ဆီးအိမ်ထဲဝင်နေပါတယ်။ ထို့ကြောင့် ခွဲစိတ်ကုသမှု အမြန်ပြုလုပ်လိုက်တယ်။ အကယ်၍ ခွဲစိတ်ကုသမှုအချိန်မီမပြုလုပ်ရင် အသက်အနရ္တာယ်အထိပါထိခိုက်နိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ထိုလူသည် အခြေအနေသက်သာကောင်းမွန်သွားပြီး ဆေးရုံမှဆင်းလိုက်ပြီဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။ဒါကြောင့် ဘီယာသောက်တတ်တဲ့ ကိုကိုတွေ မမတွေလည်း ဘီယာသောက်ပြီးရင် အပေါ့အပါးသွားဖို့ မမေ့ကြနဲ့နော်


26 Jun 2020     1,945 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS