BEC-TERO TV

မင်းရာဇာနှင့်ဇနီးဖြစ်သူတို့မှ အက်စစ်နှင့်ပက်၊ ရိုက်နှက်ခဲ့ပုံများကို ပြောပြထားသည့် အိမ်အကူမလေး၏ ဗီဒီယို

26 Jun 2020     1,947 Views


အိမ်အကူမိန်းကလေးအား အဓ္ဓမကျင့်မှု၊ အက်စစ်ဖြင့်ပက်မှု ရိုက်နှက်နှိပ်စက်မှုတို့ဖြင့် သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူ၊ ယောက္ခမဖြစ်သူနှင့် မန်နေဂျာဆိုသူ စုစုပေါင်း (၄) ဦးကို အိမ်အကူမိန်းကလေး၏မိခင်မှ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် ရွှေပေါက်ကံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မင်းရာဇာ၏ယောက္ခမဖြစ်သူမှာ ကျပ် (၁၀) သိန်းတန် အာမခံလျှောက်ထားသူနှစ်ဦးဖြင့် အာမခံရရှိထားပြီး လက်ရှိတွင် မင်းရာဇာနှင့်အပေါင်းအပါ (၃) ဦးကို မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေတာဖြစ်ပါတယ်။ ရုံးထုတ်စစ်ဆေးနေစဉ်တစ်လျှောက်တွင် မင်းရာဇာမှ အိမ်အကူမိန်းကလေးအား အက်စစ်နှင့်မပက်ခဲ့ကြောင်း၊ ထိုမိန်းကလေး၏မိသားစုအပေါ် စေတနာထားခဲ့ကြောင်းနှင့် မိန်းကလေး၏မိဘများမှ ငွေညှစ်ချင်၍သာဖြစ်ကြောင်း မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

မင်းရာဇာမှ အိမ်အကူမိန်းကလေးအား အက်စစ်ဖြင့်မပက်ခဲ့ကြောင်း  အခိုင်အမာငြင်းဆိုနေတာကိုတော့ အားလုံးတွေ့မြင်ကြရ၊ ကြားကြရမှာပါ။ တစ်ဖက်မှာတော့ အိမ်အကူမိန်းကလေးက မင်းရာဇာနှင့် ဇနီးဖြစ်သူတို့က သူမအပေါ် အက်စစ်ဖြင့်ပက်၊ ရိုက်နှက်နှိပ်စက်ခဲ့ပုံများကို မီဒီယာကနေတစ်ဆင့် ပြောကြားလာတာကို တွေ့မြင်ရပါတယ်။

Grace ခေါ် အိမ်အကူမိန်းကလေးငယ်မှ အက်စစ်ဖြင့်ပက်ခံခဲ့ရသည့် ဖြစ်ကြောင်းကုန်စင်ကို Media 9 နှင့်အင်တာဗျူးတွင် ယခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ ပရိသတ်တွေ နားထောင်နိုင်အောင်လို့ တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(ပိုပိုလေး)

Video Credit_Media 9


26 Jun 2020     1,947 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS