BEC-TERO TV

အစာအိမ်အောင့်လျှင် ဘာတွေကို သတိထားသင့်လဲ

27 Jun 2020     2,004 Views


အစာအိမ်အောင့်နေလျှင် သင့်အနေနဲ့ သတိထားရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြလိုက်ရပါတယ်... 
 
(၁)အရက်နှင့်ကဖိန်းကို လျော့ပါ။ သို့မဟုတ် ခေတ္တမျှရပ်ထားပါ။ ယင်းတို့က အက်ဆစ် Level ကို တိုးစေပြီး ရင်ပူခြင်းနှင့် အစာအိမ်နာကျင်မှုကို ပို၍ ဖြစ်စေသည်။
 
(၂)ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းကို ရှောင်ကြဉ်ပါ။ ယင်းတို့က လက်ရှိနာကျင်မှုကို ပို၍ ဖြစ်စေပြီး နောက်ထပ် နာကျင်မှုများကိုပါ ဆက်တိုက်ဖြစ်စေတတ်ပါတယ်။ ဆေးလိပ်ငွေ့သည် အစာအိမ်မှ အက်ဆစ်ထွက်မှုကို ပိုပြီးတိုးစေသည့် အလျောက် နာကျင်မှုကိုလည်း တာရှည်စေပါတယ်။
 
(၃)အနီရောင်အသားများ၊ အဆီများသောအကြော်များ၊ အဆီစာများရှောင်ပါ။ ကျိုချက်ထားသောကွေကာအုတ် ဂျုံတွင် သကြားနှင့်ဆား ထည့်စားနိုင်သော်လည်း နို့ကို ချင့်ချိန်၍ထည့်ပါ။ နို့ထွက်ပစ္စည်းနှင့် စပ်လျဉ်းသော.. ဥပမာ - ချောကလက် စားသုံးခြင်းကို ချင့်ချိန်ပါ။
 
(၄)တစ်နေ့တာအတွက် အစာကို နည်းနည်းနှင့် (၅-၆)ကြိမ်၊ နားနား၍ စားပေးပါ။
 
(၅)အစာစားပြီးချိန်နှင့် ညအချိန်များတွင် ပို၍နာကျင်ပါက ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
 
(၆)စိတ်ဖိစီးမှုသည် အစာအိမ်နာကျင်မှုနှင့် ဆက်နွယ်ဖြစ်ပေါ်တတ်သဖြင့် စိတ်ဖိစီးမှုကို ကြိုးစား၍ ဖြေလျော့ပြီးနေပါ။
 
အထက်ပါအချက်များကို သတိထားဆောင်ရွက်ပေးပြီး ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
 
(ပိုပိုလေး)

27 Jun 2020     2,004 Views




RELATED

Most Popular of Health Fix

Most Popular of Life Style