BEC-TERO TV

ထီးသွားလှူဒါန်းမည့်နေရာက မိသားစုများရဲ့ချို့တဲ့ပုံကိုမြင်ပြီး စားစရာများပါလှူဒါန်းပေးသွားမယ့် ခိုင်နှင်းဝေ

29 Jun 2020     2,038 Views


ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သူ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ စိတ်သဘောထားအင်မတန်ကောင်းမွန်သူဖြစ်ပြီး ကူညီတတ်တဲ့စိတ်ထား၊ သနားကြင်နာမှု၊ ကိုယ်ချင်းစာတရားတို့ဖြင့် ပရဟိတအလုပ်တွေကို ကိုယ်ကျိုးမငဲ့ပဲ လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာဆိုရင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလတစ်လျှောက်မှာ ဆင်းရဲနွမ်းပါးသူများကို လိုအပ်သည်များ လိုက်လံကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ယခုလည်း မိုးတွင်းကာလရောက်ရှိနေပြီမို့ ထီးပင်မရှိ မိုးထဲရေထဲအကာအကွယ်မဲ့စွာလှုပ်ရှားသွားလာနေရသူများကို ထီးအလက်ပေါင်း (၄၀၀) သွားရောက်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ခေါက်က စည်ပင်လုပ်သားများကို ဖိနပ်နှင့်အဝတ်အစားများလှူဒါန်းပေးခဲ့ပြီး ယခုတစ်ခေါက်မှာတော့ အမှိုက်ပုံကို မှီတွယ်စားသောက်နေထိုင်နေရတဲ့ ချို့တဲ့နွမ်းပါးသူများကို ထီးများလှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ သို့ပေမယ့် သူမလှူဒါန်းမည့်နေရာအနီးတစ်ဝိုက်ကသူများမှာ ထင်ထားတာထက်ပိုမိုချို့တဲ့နေတာကို မြင်ရတာကြောင့် ထီးများအပြင် မီးဖိုချောင်သုံးပစ္စည်းများနှင့် စားစရာများကိုပါ ထပ်မံလှူဒါန်းပေးသွားဦးမယ်လို့ ဆိုပါတယ်။

ပထမတော့ ထီးပဲလှူမလို့ပါပဲ... သွားကြည့်လိုက်တဲ့အခါ အလှူအတွက်သဒ္ဒါပေါက်ပြီး ထပ်ထည့်ဖြစ်တဲ့ အလှူပစ္စည်းများမှာ ထီး၊ မြေပဲကြော်၊ ကြက်သွန်နီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ သားတိုက်တံ၊ ဦးထုပ်
အင်္ကျီ၊ စောင်၊ ကလေးပစ္စည်းများ လှူတန်းမှာဖြစ်ပါတယ်ရှင်…” လို့ ရေးသားထားပါတယ်။

လိုအပ်တဲ့နေရာများကို ထိထိရောက်ရောက်ကူညီလှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေရဲ့ပရဟိတအလှူတွေအတွက် သာဓုများခေါ်ဆိုနိုင်ကြပါစေ…

(ပိုပိုလေး)


29 Jun 2020     2,038 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment