BEC-TERO TV

မော်စကိုမှာ ဝန်ထမ်းများအစား စက်ရုပ်တွေနဲ့ အစားထိုးထားတဲ့ KFC ဆိုင်ခွဲ

29 Jun 2020     1,922 Views


နာမည်ကျော် Kentucky Fried Chicken (KFC) ကြက်ကြော်ဆိုင်ကြီးက ဝန်ထမ်းမပါဘဲ စက်တွေနဲ့ အလိုအလျောက် လုပ်ဆောင်သွားမယ့် ဆိုင်ခွဲကို ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ပြသလိုက်ပါတယ်။ COVID-19 ကူးစက်မှုတွေကို ကာကွယ်တဲ့အနေနဲ့ အခုလို စက်တွေနဲ့ပဲ ရောင်းချမယ့်ဆိုင်ကို ပြသခဲ့တာပါ။

“A restaurant of the future” လို့ နာမည်ပေးထားတဲ့ KFC ဆိုင်ခွဲကို စားသုံးသူတွေနဲ့ ဆိုင်ဝန်ထမ်းတွေကြား ထိတွေ့မှုတွေ လျှော့ချလိုက်တဲ့အနေနဲ့ စက်တွေနဲ့ပဲ ပြင်ဆင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စက်ရုပ်တွေက မှာထားတဲ့ အော်ဒါတွေအတိုင်း ပြင်ဆင်ပေးသွားမှာပါ။


29 Jun 2020     1,922 Views




RELATED

Most Popular of International News

Most Popular of NEWS