BEC-TERO TV

ကီး(Key) မြင့်တဲ့သီချင်းသီဆိုရင်း ဦးနှောက်သွေးကြောပေါက်သွားသောအမျိုးသမီး

29 Jun 2020     1,793 Views


လွန်ခဲ့သောရက်၌ တရုတ်နိုင်ငံ၊ လျောင်းနင်ပြည်နယ်၊ အသက် ၅၅ အရွယ် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးတွင် မိသားစုမိတ်ဆုံစားပွဲတစ်ခုမှာ ကာရာအိုကေသီချင်းပျော်ပျော်ပါးပါးသီဆိုနေရင်း ကီး(Key) အရမ်းမြင့်တဲ့သီချင်းသီဆိုဖို့ ကြိုးစားနေစဉ် ရုတ်တရက်ဦးနှောက်သွေးကြောပြတ်သွား၍ အသက်အန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။

ဤအဖြစ်အပျက်မတိုင်မီ သူမ သီချင်းနှစ်ပုဒ်သီဆိုပြီးသွားခဲ့ပြီး၊ “ဂျင်းဟိုင်-တိဘက် ကုန်းမြင့်” ဆိုတဲ့သီချင်းကို ဆက်လက်သီဆိုဖို့ သူမ ပြင်ဆင်နေခဲ့တာပါ။ အဲ့ဒီသီချင်းက ကီး(Key) အရမ်းမြင့်တဲ့သီချင်းတစ်ပုဒ်လည်းဖြစ်တယ်။ အရမ်းမြင့်တဲ့အသံ သီဆိုနေစဉ်တစ်ခဏအတွင်းမှာပဲ သူမ ခေါင်းတွေအရမ်းကိုက်လာပြီး အော့အန်လာကာ မိသားစုဝင်များက ချက်ချင်း သူမကို ဒါ့လျဲန်းဗဟိုဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဆေးရုံမှာ ဆရာဝန်များက စစ်ဆေးကြည့်သောအခါ ဦးနှောက်ထဲက သွေးကြောတစ်ချောင်းယောင်ကိုင်းပြီး ကွဲနေတယ်လို့ဆိုပါတယ်။ ဆရာဝန်ရဲ့ထင်မြင်ချက်အရ ဒါဟာ သူမ သီချင်းသီဆိုစဉ်ဖြစ်လိမ့်မယ်လို့ ဆိုပြီး၊ ဤလက္ခဏာသည် အချိန်မီမကုသပေးရင် အသက်အန္တရာယ်ထိခိုက်နိုင်နှုန်း ၃၀% အထိရှိကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

၂ နာရီကြာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက် သူမသည် သက်သာပျောက်ကင်းလာပြီး၊ ကျန်းကျန်းမာမာရှိလာပါတယ်။ ဤလက္ခဏာဟာ ကီး(Key) မြင့်တဲ့သီချင်းသီဆိုသူတိုင်းမှာတော့ မဖြစ်ပါဘူး။ ဒါပေမယ့် သူမကတော့ သွေးတိုးနဲ့ဆီးချို နဂိုအခံရောဂါရှိနေတဲ့သူမို့ဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြောကြားသွားပါတယ်။

#popolay #popolaytv #news


29 Jun 2020     1,793 Views




RELATED

Most Popular of International News

Most Popular of NEWS