BEC-TERO TV

၁ လအတွင်း အမိုက်စားဘော်ဒီရအောင် ပြောင်းလဲခဲ့ပုံနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ လင်းအောင်ခေတ်

30 Jun 2020     2,092 Views


ရုပ်ရည်ခပ်ဖြောင့်ဖြောင့် အမိုက်စားဘော်ဒီနဲ့ ယောကျာ်းပီသတဲ့အသွင်အပြင်တို့ဖြင့်ပြည့်စုံသူတွေထဲမှာ မော်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ဟာလည်း တစ်ယောက်အပါအဝင်ပါ။ လင်းအောင်ခေတ်ဟာဆိုရင် နှုတ်ခမ်းနီမလေးတွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားကို လေ့လာလိုက်စားသူဖြစ်ပြီး အမိုက်စားဘော်ဒီရဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

 

လင်းအောင်ခေတ်ကတော့ ကိုဗစ်-၁၉ ကာလမှာ အိမ်မှာနေရင်း အဆီတွေတက်ပုံပျက်သွားတဲ့ခန္ဓာကိုယ်ကို ၁ လအတွင်း ကြွက်သားအဖုအထစ်တို့ဖြင့် ကျစ်လစ်တောင့်တင်းတဲ့အမိုက်စားဘော်ဒီအဖြစ် ပြောင်းလဲခဲ့တာကိုတွေ့မြင်ရပါတယ်။ ၁ လအတွင်း အစားအသောက်ရှောင် အားကစားသေချာလုပ်ပြီး ခန္ဓာကိုယ်ပြောင်းလဲခဲ့ရပုံကိုတော့ သူ့ရဲ့လူမှုကွန်ယက်ကနေ မျှဝေလာပါတယ်။

 

“Covid ကာလတွင်းမှာ ကျွန်တော် နေချင်သလိုနေ ၊ စားချင်သလိုစားခဲ့လို့ ပုံနည်းနည်းပျက်သလို ဖြစ်သွားတယ်.. အဲ့ဒါနဲ့ ကျွန်တော် ဆရာ Nick ရယ် ၊ ထူးအောင်တို့နဲ့ အလောင်းအစားတစ်ခု လုပ်ခဲ့တယ်...ရက် ၂၀ တစ်လတွင်း ခန္ဓာကိုယ်ပြောင်းလဲအောင် ကျွန်တော် သူတို့ပြောပြပေးတဲ့ Nutrition plan , Supplyment plan , workout paln တွေအတိုင်း အတိအကျလိုက်နာခဲ့တယ်... တစ်လပြည့်တဲ့ ဒီနေ့မှာ ပုံထဲကအတိုင်း Result ထွက်ခဲ့ပါတယ်… Star fitness club မှ trainer ဆရာတွေနဲ့ ဆရာNick ၊ ထူးအောင်တို့ကိုလည်း အထူးကျေးဇူးပါလို့.. မဖြစ်နိူင်ဘူးဆိုတာ မရှိပါဘူး..ကြိုးစားဖို့ပဲလိုတာပါ..” လို့ ပြောင်းလဲသွားတဲ့ပုံရိပ်ကိုပါ ဖော်ပြခဲ့ပါတယ်။

 

သို့ပေမယ့်လို့ လင်းအောင်ခေတ်ရဲ့ထိုပို့စ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေများစွာထွက်ပေါ်လာခဲ့ပါတယ်။ Gym လောကထဲမှ စီနီယာတစ်ချို့နှင့် တတ်သိနားလည်သူများက တစ်လနှင့်ထိုခန္ဓာကိုယ်ရအောင်ပြောင်းလဲ၍မရကြောင်း ဝိုင်းဝန်းဝေဖန်ခဲ့ကြတာဖြစ်ပြီး ဝေဖန်မှုတွေနှင့်ပတ်သက်လို့ လင်းအောင်ခေတ်က သူ့အနေဖြင့် Gym ပုံမှန်ဆော့ကစားခဲ့တာ ၁၀ နှစ်ရှိပြီဖြစ်ကြောင်းနှင့် သူ့ရဲ့နေထိုင်စားသောက်မှုပုံစံများကိုဖော်ပြပြီး ပြန်ဖြေရှင်းခဲ့တာကို တွေ့မြင်ရပါတယ်။

 

ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးကို ကျေးဇူးတင်ရှိပါတယ်...

(ပိုပိုလေး)


30 Jun 2020     2,092 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment