BEC-TERO TV

ပြည်ပခရီးစဉ်များကို သြဂုတ် ၁ ရက်အထိ ရွှေ့ဆိုင်းကြောင်း MNA ကြေညာ

01 Jul 2020     1,601 Views


အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကို ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်ကန့်သက်လိုက်သည့်အတွက် ပြည်ပခရီးစဉ်ပျံသန်းမှုကို ဩဂုတ် ၁ ရက် အထိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ကြေညာသည်။ MNA သည် စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်နှင့် ဟောင်ကောင်ခရီးစဉ်များကို ပျံသန်း ရန် ပြင်ဆင်နေသည့် လေကြောင်းလိုင်းဖြစ်သည်။

လက်ရှိအချိန်တွင် လေယာဉ်လက် မှတ်ဝယ်ယူထားသူများအနေဖြင့် ငွေကြေးပြန်လည်ထုတ်ယူနိုင်သည်ဟု အဆိုပါလေ ကြောင်းလိုင်းက ထုတ်ပြန်သည်။ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များကို ပျံသန်းသည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်း (MAI) ကလည်း ဘန်ကောက်၊ စင်ကာပူနှင့် ကိုးလ်ကတ္တားခရီးစဉ်များကို ဇူလိုင် ၃၁ ရက်အထိ ရပ်နားထားကြောင်း ထုတ်ပြန်သည်။

သို့သော် ကွမ်ကျိုးနှင့်ဆိုးလ် ခရီးစဉ်ကိုမူ ခွင့်ပြုချက်ရရှိသည့်အခါ အရေးပေါ်အခြေ အနေများတွင် ပျံသန်းသည့် ကယ်ဆယ်ရေး လေယာဉ်အဖြစ်ပျံသန်းမည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကို ဇူလိုင် ၃၁ ရက်အထိ ကန့်သတ်လိုက်သော်လည်း ပြည်တွင်းခရီးစဉ်များကို ဝန်ဆောင်မှုဆက်လက်ပေးနေကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်က ထုတ်ပြန်သည်။

#popolay #popolaytv #news #MNA


01 Jul 2020     1,601 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS