BEC-TERO TV

ဘီယာသောက်သင့်သည့် အချက် (၁၀)ချက်

02 Jul 2020     2,808 Views


ဘီယာဟာ သောက်သင့်တဲ့ ယမကာ တစ်မျိုးဖြစ်ပါတယ်တဲ့ ။ ဘာလို့လဲ ဆိုတော့ ဘီယာမှာ …..

၁။ ကိုလက်စရောကို မြင့်တင်ပေးနိုင်ခြင်း

တကယ်လို့ သင်ဟာ ဘီယာကို နေ့စဉ်ပုံမှန်နှုန်းဖြင့် သောက်သုံးခဲ့မယ်ဆိုရင် ကိုယ်ခန္တာ ကိုယ်အတွင်းရှိ ကိုလက်စရောရဲ့အချိုးကို သင့်တင့်မျှတစေတယ်လို့ ဆိုပါတယ်။ လေ့လာချက်တွေအရ ဘီယာမှာ ကိုလက်စရောကိုမြှင့်တက်စေတဲ့ အစွမ်းရှိပါတယ်တဲ့။

 

၂။ အသက်ရှည်စေခြင်း

လေ့လာမှုများစွာအရ ဘီယာသောက်သုံးခြင်းဟာ အရက်သေစာသောက်သုံးသူတွေထက် ပိုပြီးကျန်းမာအသက်ရှည်တယ်လို့ ဆိုပါတယ်။ ဥပမာ.. ညနေပိုင်း အလုပ်ပြန်ချိန် (သို့) သူငယ်ချင်းများနဲ့ ဘီယာဆိုင်ထိုင်တယ်ပဲ ဆိုပါစို့။ ဝိုင်းဖွဲ့ပြီး စားသောက်၊စကားစမြည်ပြောခြင်းက သင့်မှာရှိတဲ့စိတ်ဖိစီးမှုပြေပျောက်စေခြင်း၊စိတ်ရွှင်လန်းစေခြင်းစတဲ့အချက်တွေက သင့်ကျန်းမာရေးကို တိုးတက်စေလို့ပဲ ဖြစ်ပါတယ်။

 

၃။ ကယ်လိုရီပါ၀င်မှု နည်းပါးခြင်း

ဘီယာမှာ ကယ်လိုရီပါ၀င်နှုံး နည်းပါတယ်။ နံနက်အိပ်ယာနိုး ပြီး တစ်နာရီအတွင်း ဘီယာ တစ်ခွက်သောက်မယ်ဆိုရင် တစ်နေ့တာ ကယ်လိုရီကို အပြည့်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

၄။ ကာဗွန်ဟိုက်ဒရိတ် ပါ၀င်နှုံး လျော့နည်း ခြင်း

ဘီယာမှာ ကာဗွန်ဟိုက်ဒြိုက် ပါ၀င်မှုကလဲ အနည်း ငယ်မျှသာပါ၀င် ပါတယ်တဲ့။ ဘီယာ ၂၄ ခွက်မှာ ကာဗွန်ဟိုက်ဒြိတ် ၃၀၀ ဂရမ်သာ ပါ၀င်ပါတယ်။ ဒီပမာဏဟာ ပန်းသီး အနည်းငယ်ကို စားသုံးခြင်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘီယာမှာ ကာဗွန်ဟိုက်ဒရိတ် ပါ၀င်နှုန်း ဘယ်လောက်နည်း လဲ ဆိုတာ သိနိုင်ပါတယ်။


၅။ ရေနဲ့ အာနိသင်တူခြင်း

ဘီယာကို နေ့စဉ်ပုံမှန်သောက်သင့်တယ် ဆိုတဲ့အချက်မှာ ရေနဲ့ အာနိသင်ခြင်း တူတာကြောင့်လဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဘီယာကို အယ်ကိုဟောလ် နဲ့ တဆေးပါ၀င်တဲ့ သဘာ၀ဓါတ်ပေါင်း မှတဆင့် ထုတ်လုပ်ထားလို့ပဲ ဖြစ်ပါတယ်။

 

၆။ ဗီတာမင် ဘီ ကြွယ်ဝခြင်း

ဘီယာမှာ ဖောလစ်အက်ဆစ်လို့ ခေါ်တဲ့ ဘီတာမင် ဘီလဲ ကြွယ်၀ပါသေးတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်မှုကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။


၇။ ရေထက် ဘေးကင်းခြင်း

အကယ်၍ သင်ဟာ ကိုယ်နဲ့ကျွမ်း၀င်မှု မရှိတဲ့ တစ်နေရာကို ရောက်နေပြီဆိုပါစို့။ အဲဒီလိုနေရာမျိုးမှာ ရေ၀ယ်သောက်မဲ့အစား ဒေသထုတ် ဘီယာတမျိုးကို သောက်တာက ပိုပြီး သင့်လျော်မယ်လို့ တိုက်တွန်းပါရစေ။ ဘာကြောင့်လဲ ဆိုတော့ ဘီယာဟာ သန့်ရှင်းမှုနဲတဲ့ရေပုလင်းတွေထက် သင့်ကျန်းမာရေးကို အထောက်အကူပြုစေလို့ပဲ ဖြစ်ပါတယ်။


၈။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

ဘီယာက နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးရုံမျှမက ဝိုင်အနီလိုမျိုးပဲ ဘီယာမှာပါ၀င်တဲ့ အန်တီအောက်ဆီးဒန့် များစွာဟာ အကြားအာရုံနဲ့ ပတ်သတ်တဲ့ ရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အနက်ရောင်ဘီယာတွေမှာတော့ အန်တီအောက်ဆီးဒန့်ပါ၀င်မှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။


၉။ ကင်ဆာကို တွန်လှန်နိုင်စွမ်းရှိခြင်း

ဘီယာမှာ Xanthohumol လို့ခေါ်တဲ့ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တမျိုးလဲ ပါ၀င်ပါတယ်။ ဒီနေ့မှာတော့ Xanthohumol နှုန်း မြင့်တဲ့ ဘီယာတွေကို စျေးကွက်မှာ ရွေးချယ်၀ယ်ယူနိုင်ပါပြီ။


၁၀။ ဘီယာသောက်တိုင်း ဗိုက်မရွဲပါ…

ဒီအချက်ကိုတော့ ဘီယာကြိုက်တဲ့သူတွေ နှစ်သက်လိမ့်မယ် ထင်ပါတယ်။ လူတိုင်းနီးပါးသိထားတာက ဘီယာသောက်လေ့ရှိတဲ့သူဟာ တခြားသူတွေထက် ပိုပြီးအ၀လွန်၊ဗိုက်ရွဲတတ်တာကြောင့် ဘီယာဗိုက်လို့တောင် စနောက်ခေါ်လေ့ရှိပါတယ်။ ဒီအချက်ကို လန်ဒန်တက္ကသိုလ်ရဲ့ သုတေသီများက “ဘီယာကို ပုံမှန်နှုန်းဖြင့် သောက်ခြင်းဟာ ၀မ်းဗိုက်ကို မရွဲစေပါဘူး၊ ဒါ့အပြင် လုံး၀မသောက်တဲ့သူတွေလောက်တောင် ဝိတ်မတက်ပါဘူး”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါကြောင့် စာဖတ်သူများအနေဖြင့် ယနေ့မှစပြီး ဘီယာကို ကျန်းမာရေး

အတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပြီဖြစ်ကြောင်း.......

 

 


02 Jul 2020     2,808 Views




RELATED

Most Popular of Special or Others

Most Popular of Life Style