BEC-TERO TV

ချစ်သူသက်တမ်း (၅) နှစ်ပြည့်သွားပြီဖြစ်တဲ့ အမွန်းတို့စုံတွဲ

06 Jul 2020     1,617 Views


အမြဲသွက်သွက်လက်လက်နဲ့ ခပ်ဟော့ဟော့ ပြုမူနေထိုင်တတ်သူ၊ ခေတ်ရေစီးကြောင်းနဲ့အညီ မြူးကြွတဲ့ သီချင်းအလန်းစားတွေကို ဖန်တီးသီဆိုလေ့ရှိတဲ့ ကချင်တိုင်းရင်းသူလေး အဆိုတော်မလေး အမွန်းကတော့ သူမရဲ့ချစ်သူနဲ့ လက်တွဲခဲ့တာ ဒီကနေ့မှာဆိုရင် (၅) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ အမွန်းရဲ့ချစ်သူကတော့ လူမျိုးမတူတဲ့ နိုင်ငံခြားသားတစ်ဦးဆိုပေမယ့် တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်ကြင်နာပြီး ယုံကြည်မှု၊ နားလည်မှုအပြည့်ဖြင့် Relationship တစ်ခုကိုတည်ဆောက်ထားသူတွေပါ။

သူမတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတို့ဖြင့် နှောင်ဖွဲ့ထားသူတွေဖြစ်ကာ နှစ်ဖက်မိဘလူကြီးများစုံရာနဲ့ နှစ်ကိုယ်တူဘ၀လက်တွဲဖို့ စေ့စပ်ကြောင်းလမ်းပြီးသားလည်း ဖြစ်ပါတယ်။ မင်္ဂလာလက်ထပ်ပွဲကိုတော့ ဒီနှစ်ကုန်လောက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ အမွန်းကကြေညာထားပါတယ်။

ဒီကနေ့မှာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်သွားပြီဆိုတဲ့အကြောင်းကို “Cheers mon amour ! 5 years down, forever to go !! ချစ်သူသက်တမ်း ငါးနှစ်ပြည့်ပီချစ်သူ ! (နောက်နှစ်ဒီချိန်ဆို နှစ်ယောက်သား စတေးတပ်စ်ပြောင်းပြီ)” လို့ သူမရဲ့လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

ချစ်သူသက်တမ်း ၅ နှစ်ပြည့်သွားတဲ့ အမွန်းတို့စုံတွဲလေးအတွက် ဆုတောင်းစကားလေးတွေဆိုသွားပါဦးနော်….

(ပိုပိုလေး)


06 Jul 2020     1,617 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment