BEC-TERO TV

Huawei နဲ့ ဗြိတိန် လက်တွဲဖြုတ်မယ့် အလားအလာရှိ

07 Jul 2020     1,585 Views


ဗြိတိန်နိုင်ငံရဲ့ မိုဘိုင်းဖုန်း 5G Network လုပ်ငန်းမှာ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Huawei နဲ့ ပူးတွဲလုပ်နေတဲ့ အစီအစဉ်ကို အဆုံးသတ်တော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒီလုပ်ရပ်ဟာ ဗြိတိန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး အခြေအနေကို ပိုဆိုးရွားစေပြီး နောက်ပြန်လှည့်တဲ့ မူဝါဒဖြစ်ပေမယ့်လည်း အမေရိကန်အစိုးရနဲ့ တာဝန်ရှိသူတွေကတော့ ဒီအပေါ်မှာ စိတ်ကျေနပ်မှု ရှိကြမှာပဲလို့ ဗြိတိန်မီဒီယာတွေက ရေးနေကြပါတယ်။

အခုလို ဗြိတိန်ရဲ့မူဝါဒ အဓိက ပြောင်းသွားရတာဟာ NCSC ခေါ် ဗြိတိသျှ ဆိုက်ဘာလုံခြုံရေးစင်တာရဲ့ ပြန်လည်ဆန်းစစ်ချက် အသစ်တရပ်ကြောင့်ဖြစ်ပြီး တရုတ် Huawei ကုမ္ပဏီရဲ့ ကြားဖြတ်ခိုးနားထောင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံထုတ် Sunday Telegraph သတင်းစာက ရေးပါတယ်။ အဲဒီသတင်းစာပါ ရေးသားချက်တွေ မှန်ကန်ကြောင်း ဗြိတိသျှအစိုးရ အရာရှိတွေက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ Huawei ကုမ္ပဏီကြောင့် အန္တရာယ်ရှိလာနိုင်တဲ့ကိစ္စကို လျော့ပါးသွားအောင် လုပ်ဆောင်နိုင်တယ်လို့ NCSC က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အမေရိကန် ထောက်လှမ်းရေးတွေကတော့ ဒီအမြင်ကို လက်မခံပါဘူး။

Credit

#popolay #popolaytv #business #Huawei #Britain


07 Jul 2020     1,585 Views




RELATED

Most Popular of International News

Most Popular of NEWS