BEC-TERO TV

ရေနံချောင်းမြို့နယ်၌ တိရစ္ဆာန်ဦးခေါင်းပုံသဏ္ဍာန်ဟုယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိ၊ တူးဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိ

07 Jul 2020     1,663 Views


ကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် တွင်းကုန်းရပ်ကွက် အနောက်မြောက်ဘက်ရှိ ရေနံမြေလုံခြုံ ရေးဂိတ် (၃၀၄၅)အနီးတွင် ဆိတ်ကျောင်းသားတစ်ဦးမှ ဆိတ်ကျောင်းသွားစဉ် တိရစ္ဆာန်ဦးခေါင်းပုံသဏ္ဍာန်ဟု ယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိကြောင်း တွင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းကို တွင်းကုန်းရပ်ကွက်နေ ကိုမောင်မောင်ဟန်က ဆိတ်ကျောင်းသွားစဉ် လွန်ခဲ့သည့် တစ်လခွဲခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၅ ရက်ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးရန်ခိုင်နှင့် ရေနံချောင်းချစ်သူများ အဖွဲ့က သွားရောက်ကြည့်ရှုခဲ့ရာ တိရစ္ဆာန်ဦးခေါင်းပုံသဏ္ဍာန် ကျောက်ဖြစ် ရုပ်ကြွင်းတစ်ခု ဖြစ်ကြောင်း ယူဆပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံသို့အကြောင်းကြားခဲ့ သည်။

၎င်းကျောက်ဖြစ်ရုပ်ကြွင်းအား ယနေ့မွန်းလွဲ ၂ နာရီက မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အနုပညာဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်း၊ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် တာဝန်ရှိသူများ၊ ရေနံချောင်းဒီဂရီကောလိပ် ဘူမိဗေဒဌာနမှ ဆရာ ဆရာမများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်း၏ အပိုင်းအစများကို မကွေးဘူမိ‌ဗေဒဌာနသို့ ပေးပို့စစ်ဆေးအတည်ပြုပြီး တူးဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Credit : ကိုစိုးကြီး

#popolay #popolaytv #news #fossil


07 Jul 2020     1,663 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS