BEC-TERO TV

အမေ့ဆေးဖိုးရဖို့ Street Performance လုပ်ပြီး ငွေရှာနေသူကို သွားရောက်ကူညီခဲ့တဲ့ ယုန်လေး

09 Jul 2020     2,151 Views


အဆိုတော်အဖြစ်ရော၊ သရုပ်ဆောင်နဲ့ဒါရိုက်တာအဖြစ်ပါ အနုပညာလောကထဲမှာ အောင်မြင်မှုတွေရရှိထားတဲ့ ယုန်လေးကတော့ ယခုနောက်ပိုင်းမှာ အလှူအတန်းများစွာကို အဆက်မပြတ်ပြုလုပ်လာတာ တွေ့မြင်ရပါတယ်။ ကိုယ်တိုင်ကလူချမ်းသာတစ်ယောက်မဟုတ်ပေမယ့် အကူအညီလိုအပ်သူများနှင့် လိုအပ်နေသည့်နေရာများကိုတွေ့ပါက ပရဟိတစိတ်အပြည့်ဖြင့် လိုက်လံကူညီလှူဒါန်းပေးနေတာဖြစ်ပါတယ်။

ယခုလည်း ယုန်လေးက မိခင်ဖြစ်သူဆေးဖိုးအတွက် မြေနီကုန်းတံတားအောက်မှာ Street Performance နဲ့ဖျော်ဖြေရင်း ငွေရှာနေတဲ့ ရိုးရိုးမြင့်ဆွေကို သွားရောက်ကူညီလှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ ယုန်လေးနှင့်အတူ စေတနာရှင်တစ်ချို့ကလည်း အလှူငွေများထည့်ဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အမေ့ဆေးဖိုးအတွက် ကြိုးစားငွေရှာနေတဲ့ ညီလေး ရိုးရိုးမြင့်ဆွေကို သွားရောက်ကူညီခဲ့ကြောင်းကို “ညီလေး Yoe Yoe Myint Swe အရာရာအဆင်ပြေပါစေ... အမေလည်း ကျန်းမာရေးအမြန်ကောင်းပါစေ.. Sat , Sunday , အားရင် ညီလေးရှိမယ့် မြေနီဂုံးတံတားအောက် အစ်ကိုတို့ပါလာရင်လည်း လာမယ်လေနော် အတွေ့အကြုံသစ် အပျော်ပေါ့ ကျွန်တော် ၁သိန်း၊ Rocker မှ ၂ သိန်း၊ Aung Lay ၅ သောင်း၊ စစ်ပိုင်ထက် စန်စန် ၁ သိန်း၊ A4 , Min Z ၂ သောင်း၊ လင်းမြတ် ၁သောင်းခွဲ၊ ဒီလိုတွေ မတင်ချင်ပါဘူး .ပိုက်ဆံလွှဲထားတဲ့ လူတွေ စိတ်ရှင်းအောင်တင်ရတာပါ .အရာရာအဆင်ပြေပါစေ” လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှ ာရေးသားဖော်ပြထားပါတယ်။

လိုအပ်သူတွေကို လိုအပ်တဲ့နေရာမှာ လိုက်လံကူညီလှူဒါန်းပေးနေတဲ့ ယုန်လေးနဲ့သူငယ်ချင်းများရဲ့အလှူအတွက် သာဓုများခေါ်နိုင်ကြပါစေ…

(ပိုပိုလေး)


09 Jul 2020     2,151 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment