BEC-TERO TV

အိမ်အိုကြီးထဲက ပဟေဠိဆန်သောတွင်းနက်ကြီး

14 Jul 2020     1,665 Views


အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တိကတ်ပြည်နယ် (Connecticut)၊ ဂီးလ်ဖို့ဒ်မြို့(Guilford) မှာနေထိုင်သော “ခရစ္စတိုဖာ တောင်းဝ်” (Christopher Town) ဆိုသူအမျိုးသားတစ်ဦးသည် သူ့သူငယ်ချင်းရဲ့အိမ်မှာ ပစ္စည်းများသွားကူသယ်ရင်း အိမ်ထဲ၌ရှိသော ၉ မီတာလောက်နက်သည့် တွင်းနက်ကြီးအတွင်းသို့ မတော်တဆပြုတ်ကျသွားခဲ့ပါတယ်။

သိုပေမဲ့ ကယ်ဆယ်ရေးအဖွဲ့များ သူ့ကိုအောင်မြင်စွာလာကယ်တင်သွားနိုင်ခဲ့ပါတယ်။ သိရသလောက်တော့ ဤအိမ်ကြီးသည် ၁၉ ရာစုခုနှစ်ကတည်းက တည်ဆောက်ထားသော သက်တမ်း ၁၃၈ နှစ်ရှိပြီဖြစ်တဲ့ အိမ်အိုကြီးတစ်လုံးဖြစ်ပြီး အဆိုပါ တွင်းနက်ကြီးသည်လည်း ရေတွင်းဟောင်းတစ်တွင်းသာဖြစ်သည်ဟု အာဏာပိုင်များကဆိုပါတယ်။ ဟိုးယခင်တုန်းက ဒီရေတွင်းဟာ အိမ်အပြင်ဘက်မှာသာ ရှိနေတာဖြစ်ပြီးတော့၊ နှစ်ကာလပြောင်းလဲသွားကာ အိမ်ပိုင်ရှင်များလည်း လက်အဆင့်ဆင့်ပြောင်းလဲသွားခဲ့၍ ဒီအိမ်အိုကြီးကို ထပ်မံတိုးချဲ့လိုက်ကာ ရေတွင်းက အိမ်အတွင်းသို့ရောက်သွားတာဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်။

သို့သော် ရေတွင်းကိုတော့ ပြန်မဖို့ဘဲ ဒီအတိုင်းထားခဲ့ကာ တွင်းအပေါက်ဝကို ခိုင်ခိုင်ခံ့ခံ့လည်းးပြန်မအုပ်ထားဘဲ သစ်သားနဲ့အပေါ်ပြန်အုပ်ထားရုံ‌လေးသာအုပ်ထားတယ်လို့ ဆိုပါတယ်။ ခရစ္စတိုဖာတောင်းဝ် က သူကြီးကြီးမားမားထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် အရမ်းလန့်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါရေတွင်းဟောင်းကြီးထဲတွင် အေးစိမ့်နေသောရေ အနည်းငယ်ရှိသည်ဟု သူကပြောပြပါတယ်။

#popolay #popolaytv #တွင်းနက် #အိမ်အို


14 Jul 2020     1,665 Views




RELATED

Most Popular of International News

Most Popular of NEWS